မင်္ဂလာပွဲအပေါ် မလိုမုန်းထားစိတ်ဖြင့် ထင်မြင်ချက်ရေးသူများကို ဘေယောင်ဂျွန်း တရားစွဲဆို်

မင်္ဂလာပွဲအပေါ် မလိုမုန်းထားစိတ်ဖြင့် ထင်မြင်ချက်ရေးသူများကို ဘေယောင်ဂျွန်း တရားစွဲဆို်

ဆိုးလ်၊ သြဂုတ် ၁၉ ။         ။ တောင်ကိုရီးယား မင်းသား ဘေယောင်ဂျွန်းသည် ၎င်း၏မင်္ဂလာပွဲကို မလိုမုန်းထားစိတ်ဖြင့် အွန်လိုင်းမှ ထင်မြင်ချက်ရေးသူများကို တရားစွဲဆိုခဲ့သည်။ ဘေယောင်ဂျွန်းနဲ့ ပက်ခ်ဆိုဂျင်တို့၏ မင်္ဂလာပွဲအပေါ် အွန်လိုင်းကနေ မလိုမုန်းထားစိတ်ဖြင့် ထင်မြင်ချက်ရေးသူ အယောက် ၃၀ ခန့်ကို ကျွန်တော်တို့ တရားစွဲဆိုခဲ့ပါတယ်” ဟု ဘေယောင်ဂျွန်း၏ အေဂျင်စီ Key East က ပြောကြားသည်။

“ မလိုမုန်းထားစိတ်ဖြင့် ထင်မြင်ချက်ရေးသူအချို့ဟာ ID(သက်သေခံကတ်ပြား) တွေ တူညီ ကြတယ်။ မလိုမုန်းထားစိတ်နဲ့ ရေးထားတဲ့ ထင်မြင်ချက်တွေဟာ မှားယွင်းတဲ့ ကောလာဟလတွေ  အဖြစ် အလျင်အမြန် ပျံ့နှံ့သွားခဲ့တယ်။ ဒီကိစ္စကို တားဆီးဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ရေးသား တဲ့သူတွေကို ဥပဒေအရ အပြည့်အဝ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ မလိုမုန်းထား ထင်မြင်ချက်ရေး တဲ့ကိစ္စမှာ ပါဝင်တဲ့သူ အားလုံးကို ကျွန်တော်တို့ ဥပဒေအရ ဆက်လက်အရေးယူသွားမှာ” ဟု Key East အေဂျင်စီက ပြောကြားသည်။

“ မလိုမုန်းထားစိတ်နဲ့ ထင်မြင်ချက် ရေးတာတွေဟာ မင်္ဂလာပွဲကို ရေးသားထားတဲ့ ရေးသား မှုလို့ ကျွန်တော်တို့ ထင်တယ်။ ထင်မြင်ချက် ရေးသူတွေဟာ မနှစ်သက်တဲ့ အကြောင်းအရာတစ်ခုအ ပေါ် မလိုမုန်းထားစိတ်ဖြင့် ထင်မြင်ချက် ရာပေါင်းများစွာ ရေးသားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ တရားစွဲဆိုရတဲ့အထိ ဖြစ်လာတာပါ။ ကျွန်တော်တို့အနေနဲ့ တရားစွဲဆိုမှုကို ရုပ်သိမ်းသွားဖို့ အစီအစဉ် မရှိပါဘူး” ဟု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly