လာလီဂါမှာ အနီကတ်အများဆုံး ပြသခံရသည့်ကစားသမားအဖြစ် ရာမို့စ် မှတ်တမ်းဝင်

လာလီဂါမှာ အနီကတ်အများဆုံး ပြသခံရသည့်ကစားသမားအဖြစ် ရာမို့စ် မှတ်တမ်းဝင်

စပိန်၊ ဒီဇင်ဘာ ၃ ။            ။ ရီးယဲလ်အသင်းနှင့် ဘီလ်ဘာအိုအသင်းတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ရီးယဲလ်နောက်ခံလူ ဆာဂျီယိုရာမို့စ်သည် အနီကတ်ပြသခံခဲ့ရသည့်အတွက် လာလီဂါတွင် အနီကတ် အများဆုံးပြသခံရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ရာမို့စ်သည် ပွဲချိန် ၈၆ မိနစ်တွင် ခေါင်းခုန်တိုက်ရင်း ဘီလ်ဘာအိုတိုက်စစ်မှူး အဒူရစ်ဇ်ကို တံတောင်ဖြင့် တွတ်ခဲ့သည့်အတွက် ဒုတိယအဝါကတ်ပြသခံရကာ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်း အနီကတ်မှာ ရာမို့စ်အတွက် လာလီဂါပြိုင်ပွဲများတွင် ၁၉ ကြိမ်မြောက် ပြသခံရသည့် အနီကတ်ဖြစ်သည်။

ရာမို့စ်သည် ပြီးခဲ့သည့် ၂ ပတ်က မက်ဒရစ်ဒါဘီပွဲတွင် ရရှိခဲ့သော နှာခေါင်းဒဏ်ရာကြောင့် မျက်နှာအကာအကွယ်ဝတ်ဆင်၍ ယခုပွဲတွင် ပြန်လည်ပါ၀င်ကစားခဲ့ခြင်း ဖြစ်သည်။ ရီးယဲလ်အသင်းမှာ ဘီလ်ဘာအိုကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် သရေဖြင့်သာ ပွဲပြီးဆုံးခဲ့ရသည်။ ဘာစီလိုနာအသင်း သရေကျချိန်တွင် ၎င်းတို့အသင်းလည်း သရေကျခဲ့သည့်အတွက် ရီးယဲလ်နည်းပြ ဇီဒန်းမှာ ဒေါသထွက်လျက်ရှိသည်။

ရီးယဲလ်အသင်းမှာ ဘာစီလိုနာနှင့် ၈ မှတ်ကွာဟနေဆဲဖြစ်ပြီး အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly