ဟွန်ဒူးရပ်စ်တွင် ရွေးကောက်ပွဲပဋိပက္ခများကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

ဟွန်ဒူးရပ်စ်တွင် ရွေးကောက်ပွဲပဋိပက္ခများကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေကို ထိန်းချုပ်ရန် ဟွန်ဒူးရပ်စ်အစိုးရသည် ဒီဇင်ဘာ ၁ ရက်က အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ နိုဝင်ဘာ ၂၆ ရက်က ကျင်းပသော သမ္မတရွေးကောက်ပွဲတွင် မသမာမှုများ ရှိသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ အခြေအနေ ဖြစ်လာခဲ့ခြင်းပဲ ဖြစ်သည်။

သမ္မတရုံးက အဆိုပါ အရေးပေါ်ကြေညာချက်အား ဝန်ကြီး အီဘယ်ဒီဇက်မှတစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအာမခံချက်များကို ဆိုင်းငံ့ပြီး နိုင်ငံ၏ လက်နက်ကိုင်တပ်များ၊ ရဲဌာန၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ကုန်သွယ်ရေးအဖွဲ့တို့၏ အစိုးရထံ တောင်းဆိုလာချက်အပေါ် မူတည်ပြီး ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်တပ်နှင့် ရဲတို့က နိုင်ငံအတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများကို ကိုယ်တိုင်ချေမှုန်းသွားနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက Canal 5 ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မဲရေတွက်မှုတွင် လက်ရှိသမ္မတ Juan Orlando က မဲရလဒ် ၄၂ ဒဿမ ၉၂ ရရှိပြီး အတိုက်အခံသမ္မတလောင် Nasralla က ၄၁ ဒဿမ ၄၂ ရာခိုင်နှုန်း ရရှိရာ အတိုက်အခံများက ရွေးကောက်ပွဲ မဲမသမာမှု ရှိသည်ဆိုကာ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly