ဒေသတွင်း အိတ်ချ်အိုင်ဗီ ပြန့်နှံ့မှု ကာကွယ်တားဆီးရေး ထိုင်းနိုင်ငံ ရှေ့တန်းက ဦးဆောင်

ဒေသတွင်း အိတ်ချ်အိုင်ဗီ ပြန့်နှံ့မှု ကာကွယ်တားဆီးရေး ထိုင်းနိုင်ငံ ရှေ့တန်းက ဦးဆောင်

ဘန်ကောက်၊ ဒီဇင်ဘာ ၂ ။          ။ ဒီဇင်ဘာ ၁ ရက်က ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို ကမ္ဘာ့တစ်ဝန်းက  ပြည်သူများ ကျင်းပစဉ် ထိုင်းနိုင်ငံက ဒေသတွင်း အိတ်ချ်အို်င်ဗီ ပြန့်နှံ့မှု ကာကွယ်တားဆီးရေးကို ဦးဆောင်အခန်းကဏ္ဍမှ တာဝန်ယူလုပ်ဆောင်သည်။

အာရှ-ပစိဖိတ်ဒေသတွင် ထိုင်းနိုင်ငံသည် အိတ်ချ်အိုင်ဗီဖြစ်ပွားသည့် နှုန်းထားက သိသိသာသာ ကျဆင်းအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၆ ကြား ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ စာရင်းအရ သိရသည်။

ထိုသို့ အောင်မြင်မှု ရရှိရန် ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၇-၂၀၃၀ အမျိုးသား အေအိုင်ဒီအက်စ်မဟာဗျူဟာ ချမှတ်ကာ ထိုင်းနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုအဖြစ် ရှိနေသော
အေအို်င်ဒီအက်စ်ရောဂါကပ်ဘေး ၂၀၃၀ မကုန်လွန်မီ အဆုံးသတ်ရေး ရည်မှန်းချက်ချ ဖော်ဆောင်ခြင်းကြောင့်ပဲ ဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် တစ်နှစ်လျှင် ရောဂါကူးစက်ဖြစ်ပွားသူ ၁၀၀၀ အထိ ကျဆင်းရေးနှင့် သေဆုံးမှုနှုန်း ၄၀၀၀ သို့မဟုတ် ယင်းအောက်သို့ လျော့နည်းရေး ရည်မှန်းချက်ထားခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်တွင် ပြောသည်။

ယခု လုပ်ငန်းစဉ်ကို ဘန်ကောက်ရှိ ထိုင်းကြက်ခြေနီအသင်းက တည်ထောင်သော Anonymous ဆေးခန်းက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် အဓိကလက်နက်မှာ ပြည်သူများ အသိရှိမှု မြင့်မားခြင်းနှင့် ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံမှုနှင့် ကိုယ်ကိုကို ကာကွယ်မှုတို့ပဲဖြစ်ကြောင်း ထိုင်းကြက်ခြေနီအသင်းက ယုံကြည်ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags