မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပ ပြုလုပ်မည့် Mister Tourism World 2017 ပြိုင်ပွဲ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပ ပြုလုပ်မည့် Mister Tourism World 2017 ပြိုင်ပွဲ

 

ရန်ကုန် ။ ဒီဇင်ဘာ ၂ ။                ။ Mister Tourism World 2017 ပြိုင်ပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဒီဇင်ဘာလ ၁၀ရက်မှ ၂၂ရက်အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး Grand Final ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၂၁ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် Mister Tourism World 2017 ပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်း လည်း ဖြစ်သည်။

Mister Tourism World 2017 ပြိုင်ပွဲတွင် ပါ၀င်သည့် National costume & Preliminary competition ယှဉ်ပြိုင်မှုကို ဒီဇင်ဘာ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ Taw Win Garden Hotel (Grand Ballroom) ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

ထိုပြိုင်ပွဲကို နိုင်ငံတကာ အသီးသီးမှ လည်း ပါ၀င်မည် ဖြစ်ကာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အောင်ဆိုင်းထွဋ် ကို  ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားပြီး အောင်ဆိုင်းထွဋ် အနေဖြင့် ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။

Mister Tourism World ကို ၂၀၁၆ ခုနှစ်၌ Philippines နိုင်ငံ တွင် ပထဦးဆုံးအကြိမ် အဖြင့် စတင် ကျင်းပ ခဲ့ပြီး Myanmar ကိုယ်စားပြု အနေဖြင့် သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးနှင့် Titles ဆု ၃ ဆုကို ရရှိခဲ့သည်။

ယခု ဒုတိယ အကြိမ် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် စတင် ကျင်းပသည့် Mister Tourism World  မြန်မာ ကိုယ်စားပြု အောင်ဆန်းထွဋ် ယှဉ်ပြိုင်မည် ဖြစ်ကာ Mister Tourism World  2016 ရရှိခဲ့သည့် ဥက္ကာမင်းမောင်မှ Mister Tourism World 2017 အဖြစ် ရွေးချယ်ခြင်းခံရသူကို စလွယ်လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်သည်။

ထိုပြိုင်ပွဲအတွက် လက်မှတ်များကို မကြာမီ ရောင်းချသွားမည် ဖြစ်ပြီး Mister Tourism World 2017 Grand Final ပြိုင်ပွွဲ ကို ဒီဇင်ဘာ ၂၁ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ် သည်။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် Mister Tourism World 2017 Grand Final ပြိုင်ပွဲကို MNTV ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့မှ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပြသ သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly