ကလေးမွေးဖွားချိန် ကြောက်ရွံ့မှုတွေကို ဘယ်လိုဖယ်ရှားမလဲ

ကလေးမွေးဖွားချိန် ကြောက်ရွံ့မှုတွေကို ဘယ်လိုဖယ်ရှားမလဲ

ရေးသားသူ Dr.Aye Myat Myat Noe 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

ဇာတ်လမ်းတွေထဲမှာ တွေ့ရတတ်တယ်၊ ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်မိခင်ဟာ တက္ကစီကားနောက်ခန်းထဲမှာ အော်ဟစ်ပြီး လိုက်သွားတာမျိုးပေါ့~
အဲ့ဒါတွေက ကိုယ်ဝန်ဆောင်မိခင်တွေကို ဆေးရုံအချိန်မီမရောက်မှာကို တွေးပြီး ထိတ်လန့်လာစေပါတယ်။ ပိုဆိုးတာက… သူမရင်ဆိုင်ရမယ့် ကြောက်စရာတွေက ဒါတစ်ခုထဲမဟုတ်သေးဘူးလေ……..

သိထားသင့်တဲ့တချို့သော ကြောက်ရမယ့်ကိစ္စလေးတွေ

အမျိုသမီးတချို့ဟာအချိန်မမီတော့တာကြောင့် အငှားကားပေါ်မှာပဲကလေးမွေးမိသွားမှာမျိုးကိုကြောက်နေတတ်ပါတယ်။ တကယ်တော့ အမျိုးသမီးအများစုမှာမီးဖွားတဲ့ဖြစ်စဉ်ဟာအဲ့လောက်ထိမမြန်ပါဘူး။ ကလေးမွေးဖွားဖူးထားသောကိုယ်ဝန်သည်တွေမှာမီးဖွားနှုန်းမြန်တတ်တယ်ဆိုပေမယ် ဒါဟာလည်းအဲ့လောက်စိတ်ပူရလောက်အောင် မဟုတ်သေးပါဘူး။ မီးဖွားတော့မယ့် လက္ခဏာတွေကိုဆရာဝန်နဲ့ ကြိုဆွေးနွေးကြည့်ထားပါလား၊ ဒါဆိုရင် မီးဖွားတော့မယ်ဆိုတာကိုသတိပြုနိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ လိုအပ်မယ့်ပစ္စည်းတွေကိုလည်း ကြိုတင်ထုတ်ပိုးထားပြီးနေ့အချိန်ရောညအချိန်မှာရောဆေးရုံကိုဘယ်လိုသွားမလဲဆိုတာကို ကြိုတွေးထားသင့်ပါတယ်။

နာမှာကို ကြောက်တယ်

ဒီကြောက်ရွံမှုကတော့ ကိုယ်ဝန်သည်အမျိုးသမီးတိုင်းမှာရှိမှာပါ။ တကယ်လို့ အဲ့ဒါကိုပဲတွေးမိနေပြီးကြောက်နေတယ်ဆိုရင်တော့ ဆရာဝန်ကိုပြောပြပြီးအကြံဉာဏ်တောင်းကြည့်ပါ။ အနာသက်သာစေမယ့် ဆေးဝါးတွေအကြောင်းမေးကြည့်တာမျိုးပေါ့။ တချို့က ကလေးကိုထိခိုက်သွားမှာစိုးရိမ်ကြပေမယ့် ကျွမ်းကျင်သူတွေကသက်ရောက်မှုကသေးငယ်ပါတယ် လို့ပြောကြပါတယ် တခါတရံကလေးကိုအိပ်ချင်စေရုံလောက်ပဲရှိမှာပါ။ ဒါ့အပြင် ကလေးအပေါ် ဆေးသက်ရောက်မှုကိုနည်းသထက်နည်းအောင် ဆရာဝန်ကဆေးကိုလျှော့ပြီးထိန်းပေးနိုင်ပါလိမ့်မယ်။

ဒီကြောက်ရွံမှုကိုလျှော့ချနိုင်ဖို့အတွက် မီးဖွားရန်ရက်သတ္တပတ်အနည်းငယ်အလိုမှာမီးဖွားစဉ်အသက်ရှူနည်းကိုလေ့ကျင့်ထားသင့်ပါတယ်။ ထိုအသက်ရှူနည်းကနာကျင်မှုကိုသက်သာစေပါလိမ့်မယ်။ ဒါမှမဟုတ် လက်သည်၊ သူနာပြု၊ မိမိဆွေမျိုးတို့လို့ မိမိမွေးဖွားစဉ်မှာကူညီအားပေးမယ့်သူတွေကိုယုံကြည်လိုက်ပါ။ အမျိုးသမီးအများစုဟာတခြားလူဆီက နှစ်သိမ့်မှုတွေရတဲ့အခါ စိတ်ပိုငြိမ်တတ်ပါတယ်။

ခါးအောက်ပိုင်း ထုံဆေးထိုးရမှာကို ကြောက်ခြင်း

ခါးအောက်ပိုင်းကိုထုံဆေးထိုးလိုက်ခြင်းဟာနာကျင်မှုကိုသက်သာစေသော်လည်းကိုယ်ဝန်သည်တွေကဆေးထိုးခြင်းကိုသို့မဟုတ် ဆေးရဲ့ဆိုးကျိုးတွေကိုကြောက်တတ်ကြပါသေးတယ်။ ဒါကြောင့်တချို့ကမထိုးကြတာပါ။ ဒါပေမယ့် သတင်းကောင်းကသူ့ဆိုးကျိုးတွေကနည်းပါတယ်။ တခါတရံမှာခေါင်းကိုက်တာလောက်ရရှိတတ်ပြီးကုသလို့ရပါတယ်။ အချိန်ကြာမယ့် နာတာရှည်ရောဂါမျိုးတွေဆိုပိုလို့မဖြစ်နိုင်ပါဘူး။

ဗိုက်ခွဲမွေးရမည်ကို ကြောက်ခြင်း

ဗိုက်ခွဲမွေးတာဟာယနေ့ခေတ်တွေမှာတွင်ကျယ်လာတဲ့အရာတစ်ခုပါ။ ဒါပေမယ့် တချို့အမျိုးသမီးတွေကကြောက်နေကြတုန်းပါပဲ ပြီးတဲ့အခါရရှိမယ့်နာကျင်မှု၊ ဗိုက်ကိုခွဲလိုက်မှာကိုနဲ့၊ ထိုကရမယ့်အန္တရာယ်တွေကိုပေါ့..။ ဗိုက်ခွဲခြင်းကိုရှောင်လို့ရမရဆရာဝန်ကိုမေးနိုင်ပါတယ်။ တကယ်လို့ ရှောင်လို့မရဘူးဆိုလည်းစိတ်မပူပါနဲ့ ..စိတ်ငြိမ်ငြိမ်လေးထားပြီးသင့်ဆရာဝန်ကိုယုံကြည်ထားလိုက်ပါ။ တကယ်တော့ ဗိုက်ခွဲမွေးတာဟာပိုလို့တောင်ကောင်းပါသေးတယ် အကယ်၍ သင့်ကလေးကသင့်ခန္တာကိုယ်အရွယ်အစားအတွက် မွေးဖို့အရမ်းကြီးနေတဲ့အခါ၊ အနေအထားမမှန်တဲ့အခါ၊ သင့်သားအိမ်ဝလုံလောက်အောင် မပွင့်တဲ့အခါတွေမှာပေါ့…။ ဗိုက်ခွဲလို့ရတဲ့ အန္တရာယ်ကအရမ်းနည်းပါတယ်။

မွေးစဉ်ပေါ်တွင် အညစ်အကြေးစွန့်မိမည်ကို ကြောက်ခြင်း

ဒါကတခြားကိစ္စတွေလောက် မကြောက်ရွံပေမယ့် တချို့အမျိုးသမီးတွေဟာအရမ်းရှက်ကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာဒါနဲ့ပတ်သတ်ပြီးတွေးမိကြပါလိမ့်မယ်၊ တခြားလူတွေကိုပြောပြတိုင်ပင်ဖို့ ရှက်နေတာသာဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဒါကဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်ပူစရာမလိုပါဘူး။ အညစ်အကြေးစွန့်လိုက်မိတယ်ဆိုတာသင့်အူတွေလှုပ်ရှားနေတယ်လို့ ပြတာပါ၊ ကလေးကမွေးဖို့အသင့်ဖြစ်နေပြီပေါ့။ တနည်းအားဖြင့် သာမန်မွေးဖို့အဆင်ပြေပြီးခွဲစိတ်စရာမလိုဘူးလို့ဆိုလိုပါတယ်။ ပြီးတော့ ဆရာဝန်တွေရောတခြားကျန်အကူတွေကပါ ဒါကသာမန်လို့ပဲယူဆပါတယ် .. ဒါဟာအသက်ရှင်မှုရဲ့.. ဒီကလေးမီးဖွားမှုရဲ့ တစ်စိတ်တစ်ပိုင်းမို့လို့ပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly