မြန်မာမှတစ်ဆင့် ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီးနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတတို့ တွေ့ဆုံ

မြန်မာမှတစ်ဆင့် ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီးနှင့် ဘင်္ဂလားဒေ့ရှ် သမ္မတတို့ တွေ့ဆုံ

ဒါကာ၊ နိုဝင်ဘာ ၃၀ ။           ။ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည့် နိုဝင်ဘာ ၃၀ ရက်က ဒါကာသို့ ရောက်ရှိပြီး အချိန်ပိုင်းတွင်းမှာပင် ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူဟာမစ်နှင့် တရားဝင် တွေ့ဆုံသည်။

ပုပ်ရဟန်းမင်းကြီးအနေဖြင့် အာရှခရီးစဉ် ဒုတိယမြောက် အရပ်အဖြစ် မွတ်စလင်အများစု ဘင်္ဂလားဒေ့ရှ်နို်င်ငံသို့ ရောက်ရှိခြင်းပဲ ဖြစ်သည်။

ပထမခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ထိုခရီးစဉ်တွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းသူ ဘင်္ဂါလီမွတ်စလင်များအဖြစ် သတ်မှတ်ထားသော ရိုဟင်ဂျာဆိုသူများ ပြဿနာနှင့် ပတ်သက်ကာ ပြောဆိုသွားခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် လူ့အခွင့်အရေးအုပ်စုများနှင့် ရိုဟင်ဂျာဟု ဆိုကြသူများက ဒုက္ခသည်များဖက်က ရပ်တည်သော၊ ကမ္ဘာ့အထင်ကရ ပုဂ္ဂိုလ်ကြီးဖြစ်သော ပုပ်ရဟန်းမင်းကြီးအပေါ် စိတ်ပျက်ရကြောင်း ဖော်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly