သွားဆရာဝန်ကို မကြောက်ပါနဲ့

သွားဆရာဝန်ကို မကြောက်ပါနဲ့

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ပုံမှန်အားဖြင့် မည်သူမှသွားဆရာဝန်ဆီမသွားချင်ပါ။ အကြောင်းမှာ သွားဆေးခန်းအနံ ့၊သွားလွန်ဖောက်စက်များနဲ ့နာကျင်ခြင်းစသည့်အကြောင်းများကြောင့် သွာဆရာဝန်ဆီသွားရန် အမြဲငြင်းဆန်နေခြင်းဖြစ်သည်။ သို့သော် သွားကျန်းမာရေးကိုကာကွယ်ခြင်းသည် အားလုံးအတွက်အရေးပါပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မသွားချင်ပါသော်လည်း သွားဆရာဝန်ဆီဘာကြောင့်သွားသင့်သည်ဆိုတာကို အောက်တွင် ဖော်ပြထားပါသည်။

သွားဆရာဝန်သည် ဘာကြောင့်ကြောက်စရာကောင်းနေရသလဲ။
• အနံ့နှင့်အသံကြောင့်ဖြစ်သည်။ ရိုးသားစွာပြောရလျှင် သွားဆေးခန်း၏အနံ့သည် ဆေးရုံအနံ့နှင့်တူနေသောကြောင့် မည်သူမှမကြိုက်ခြင်းဖြစ်သည်။
• နာကျင်ခြင်းသည်လည်း သွားဆရာဝန်ကိုကြောက်ရသည့် အချက်တစ်ချက်ဖြစ်သည်။ ကျွနု်ပ်တို့သွားဆရာဝန်ကို မေးလေ့ရှိသည်မှာ “နာမှာလား”ဟူ၍ဖြစ်သည်။ သွားဆရာဝန်မှ “မနာပါဘူး”ဟု ပြန််ဖြေလေ့ရှိသော်လည်းတကယ့်အဖြေမှာ “နာတယ်” ဖြစ်သည်။
• သွားလွန်ဖောက်စက်သည်လည်း ကျွနု်ပ်တို့အတွက် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၄င်း၏အသံသည် ကျွနု်ပ်တို့သွားများဖျက်ဆီးခံရတော့မည်ဟူသောခံစားချက်ကိုပေးသည်။

သို့သော်လည်း သွားဆရာဝန်ဆီသွားရန် တွန်းအားပေးသောအကြောင်းရင်းကောင်းများစွာရှိပါသည်။
• မိမိကိုယ်ကိုတန်ဖိုးခြင်း၊ ယုံကြည်မှုရှိခြင်းတို့ကိုမြင့်တင်ပေးသည်။ တောက်ပသောအပြုံးနှင့် လှပသောသွားကကျွနု်ပ်တို့ကိုယုံကြည်မှုရှိစေသည်။
• သင် ကျန်းမာပျော်ရွှင်ဖို ့အတွက် သွားကျန်းမာရေးသည်လည်းများစွာ သက်ရောက်မှုရှိသည်။ ထို့ကြောင့်သွားကျန်းမာရေးကို ဂရုစိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။
• နဲ ့နေသောသွားများနဲ ့သွားပိုးပေါက်များကိုဂရုတစိုက် ကာကွယ်ပါ။ အကယ်၍ ဤသွားပြဿနာအသေးလေးများကို စိတ်ထဲမထားပါက ဆိုးဝါးသောသွားနှင့်သွားဖုံးဆိုင်ရာရောဂါများဖြစ်လာနိုင်ပါသည်။

သွားဆရာဝန်ကို ကြောက်ခြင်းကိုဘယ်လိုကျော်လွှားရမလဲ။
အောက်တွင်အကြံပြုချက် အချို့ရေးထားပါသည်။
• သွားဆရာဝန်ဆီ ပထမဆုံးသွားချိန်တွင် သင်ယုံကြည်ရသော သင့်မိသားစုဝင်(သို့) မိတ်ဆွေကို အကူအညီတောင်းပါ။ ဤလူများသည် သင်သွားဆေးခန်းကုလားထိုင်ပေါ်ထိုင်နေစဉ် စိတ်ငြိမ်အောင် ကူညီပေးနိုင်ပါသည်။

• စိတ်အပြောင်းအလဲဖြစ်စေမည့် အရာကိုရှာပါ။ သွားဆရာဝန်ဘာလုပ်နေတယ်ဆိုတာကို သင်အတိအကျသိရန်မလိုအပ်ပါ။ ထိုအပေါ် များများအာရုံစိုက်လေလေသင်ပိုကြောက်လေလေဖြစ်လာလိမ့်မည်။ ထို့ကြောင့်သွားဆရာဝန်မှ သူ ့အလုပ်သူလုပ်နေစဉ် သီချင်း(သို့)ရေဒီယိုနားထောင်နေလိုက်ခြင်းက သင့်အတွက်ပိုကောင်းစေပါတယ်။
• အနာသက်သာဆေးကိုတောင်းပါ။ အံဆုံးနှုတ်ခြင်း၊ ကြွေသွားစိုက်ခြင်းတို့တွင် သွားဆရာဝန်သည် အိပ်ဆေးအမြဲတမ်းသုံးပါသည်။ လူနာမှသွားဆရာဝန်ကို သူတို့ခံစားမှုနှင့် ကြောက်တတ်သည့်အကြောင်းကိုပြောသင့်သည်။ သို့မှသာသွားဆရာဝန်က သင်၏အခြေအနေကိုနားလည်ပေးနိုင်မည်ဖြစ်သည်။

သင်၏ကြောက်လန့်မှုကိုပုံဖော်ကြည့်ပါ။
သင်ဘာကြောင့် သွားဆရာဝန်ကိုကြောက်ရသည်ဆိုသည်ကို နားလည်ပေးနိုင်ပါသည်။ သင့်ကလေးဘဝကတွေ့အကြုံဆိုးများ(သို့) သွားလွန်ဖောက်စက်များကြောင့် မဟုတ်လား။ အကြောင်းရင်းသိသည်နှင့် ထို ပြဿနာကိုသင် ဖြေရှင်းနိုင်လိမ့်မည်(သို့) သွားဆရာဝန်ကိုအကူအညီပေးရန် ပြောပြပါ။

ဤအကြံပြုချက်များသုံးပြီးသွားဆရာဝန်အပေါ်ကြောက်စိတ််များဖယ်ရှားကာသွားဆရာဝန်ဆီသွားရန်အဆင်သင့်ဖြစ်နေပါပြီလား။ သင့်စိတ်ကိုဖြေလျော့ပြီးစိတ်ငြိမ်အောင်ထားပါ။ သွားဆရာဝန်အား သူအလုပ်ကိုသူပေးလုပ်ပါ။ သို့မှသာ ပုံမှန်သွားစစ်ဆေးမှုပြုလုပ်ရမည်သင် မကြောက်တော့မှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly