တရုတ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

တရုတ်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ရန်ကုန်၊ နိုဝင်ဘာလ ၃ဝ ။            ။ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ  တရုတ်ပြည် သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားသော နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်အတွင်း မိန့်ခွန်းတစ်ရပ်ပြော ကြားမည်ဖြစ်ကြောင်း  နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၃ဝ ရက်၊ နံနက် ၈ နာရီ၊ ၁၅ မိနစ်တွင် နေပြည်တော်မှ ထွက်ခွာသွားသော ဒေါ်အောင်ဆန်းစုကြည် ၏တရုတ်နိုင်ငံခရီးစဉ်မှာ  အလုပ်သဘော ချစ်ကြည် ရေးခရီး စဉ်ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် ပေကျင်းမြို့၌ ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင် ဆန်းစုကြည်က တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ နှင့်တာဝန်ရှိသူများ လိုက်ပါသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly