၆ နှစ်ကြာမှ ဟက်ထရစ်နောက်တစ်ကြိမ် ထပ်သွင်းနိုင်ခဲ့တဲ့ ၀ိန်းရွန်နီ

၆ နှစ်ကြာမှ ဟက်ထရစ်နောက်တစ်ကြိမ် ထပ်သွင်းနိုင်ခဲ့တဲ့ ၀ိန်းရွန်နီ

နိုဝင်ဘာ ၃၀၊ အင်္ဂလန် ။           ။ အဲဗာတန်အသင်းက ၀က်စ်ဟမ်းအသင်းကို ၄-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အဲဗာတန်တိုက်စစ်မှူးကြီး ၀ိန်းရွန်နီဟာ ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ရွန်နီဟာ ပွဲချိန် ၁၈ မိနစ်၊ ၂၈ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဂိုးတွေသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဟက်ထရစ်သွင်းဂိုးဟာ ရွန်နီရဲ့ ရ ကြိမ်မြောက် ပရီးမီးယားလိဂ်ဟက်ထရစ်သွင်းဂိုးဖြစ်ပြီး အဲဗာတန်အသင်းအတွက် ပထမဆုံးသွင်းယူနိုင်တဲ့ ဟက်ထရစ်လည်း ဖြစ်ပါတယ်။

ရွန်နီဟာ ၂၀၁၁ ခုနှစ် မန်ယူမှာ ကစားနေစဉ်တုန်းက ဘော်လ်တန်အသင်းဘက်ကို နောက်ဆုံးဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အခု ၆ နှစ်အကြာမှ ဟက်ထရစ်နောက်တစ်ကြိမ် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဟက်ထရစ်သွင်းဂိုး တစ်ကြိမ်နဲ့တစ်ကြိမ်အကြား အကြာမြင့်ဆုံးအချိန်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒီပွဲမှာ ရွန်နီဟာ တတိယမြောက်သွင်းဂိုးကို ကွင်းလယ်ကနေ လှလှပပ အံ့အားသင့်ဖွယ်ရာသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်ဖျက်ထုတ်လိုက်တဲ့ ဘောလုံးကို ရွန်နီက မဖမ်းပဲ ကွင်းလယ်ကနေတိုက်ရိုက် ကန်သွင်းယူခဲ့တာပါ။ ရွန်နီရဲ့ ကန်ချက်ဟာ ဂိုးထဲဝင်ဖို့ အချိန် ၂.၇ စက္ကန့်သာ ကြာမြင့်လိုက်ပြီး အရှိန်က ၄၅.၂ mph ရှိခဲ့ပါတယ်။

ရွန်နီက ဒီဂိုးဟာ သူ့ရဲ့ကစားသမားဘဝမှာ အကောင်းဆုံးကန်ချက်နဲ့သွင်းဂိုးတစ်ဂိုးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags