ကမ္ဘာ့ဖလားအုပ်စု မဲခွဲမှုမတိုင်ခင်အထိ လက်မှတ်ပေါင်း ရ၄၂,၇၆၀ ရောင်းချခဲ့

ကမ္ဘာ့ဖလားအုပ်စု မဲခွဲမှုမတိုင်ခင်အထိ လက်မှတ်ပေါင်း ရ၄၂,၇၆၀ ရောင်းချခဲ့
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ သောကြာနေ့ ပြုလုပ်ကျင်းပမယ့် အုပ်စုမဲခွဲမှု မတိုင်ခင်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမတစ်သုတ်အဖြင့် လက်မှတ်ပေါင်း ရ၄၂,၇၆၀ ကို ရောင်းချလိုက်ကြောင်း သိရပါတယ်။

လက်မှတ်ဝယ်ယူမှု အများစုဟာ အိမ်ရှင် ရုရှားနိုင်ငံထံမှ ဖြစ်ပြီး လက်မှတ် စျေးနှုန်းကို အုပ်စုဒုတိယပွဲစဉ်အတွက် ပေါင် ရ၉ မှ ဗိုလ်လုပွဲစဉ်အတွက် ပေါင် ၈၂၉ အထိ သတ်မှတ်ထားပါတယ်။

ရုရှားနိုင်ငံသားများအတွက် အထူးအမျိုးအစားအဖြစ် လက်မှတ်စျေးနှုန်းများကို ပေါင် ၁၇ မှ စတင်ကာ သတ်မှတ်ထားပါတယ်။

ဒုတိယအသုတ် လက်မှတ်ရောင်းချမှုကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ရောင်းချသွားမှာဖြစ်ပါတယ်။

ရုရှား မြို့ ၁၁ မြို့ရှိ မတူညီတဲ့ ကွင်း ၁၂ ကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆၄ ပွဲအတွက် စုစုပေါင်း လက်မှတ် ၂.၅ သန်း ရရှိနိုင်မှာဖြစ်ပြီပါတယ်။

ဒုတိယအသုတ် လက်မှတ်ရောင်းချမှုကို ဖီဖာဝက်ဘ်ဆိုက်မှတဆင့် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အိမ်ရှင် ရုရှားအသင်းက ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို မော်စကိုရှိ Luzhniki  ကွင်းမှာ ဇွန် ၁၄ ရက်မှာ ကစားမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly