အဲအေးရှား လေကြောင်းလိုင်းနှင့် UFC® တို့ အကျိုးတူဖက်စပ်ပူးပေါင်းမှု အသစ်ကို ကြေငြာ

အဲအေးရှား လေကြောင်းလိုင်းနှင့် UFC® တို့ အကျိုးတူဖက်စပ်ပူးပေါင်းမှု အသစ်ကို ကြေငြာ

UFC က အဲအေးရှား လေကြောင်းလိုင်းအား ကမ္ဘာ့ဦးဆုံး တရားဝင် ဖက်စပ် လေကြောင်းလိုင်း အဖြစ် အသိအမှတ်ပြုလိုက်ပါသည်။

နယူးယောက် - UFC , ကမ္ဘာ့ ပရီမီးယား စစ်တိုက်-စစ်ထိုး အနုပညာ အဖွဲ ့အစည်းသည် အာရှတွင် ဦးဆောင်နေသော စရိတ်သက်သာလေကြောင်းလိုင်း ဖြစ်တဲ့ အဲအေးရှား နှင့် ပထမဦးဆုံး တရားဝင် စပွန်ဆာ လေကြောင်းလိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ရန် အကျိူးတူ ပူးပေါင်းဖက်စပ်မှု multi-territory partnership ကို ယနေ့တွင် လုပ်ဆောင်လိုက်ပါသည်။ အာရှ နှင့် သြစတေးလျရှိ နိုင်ငံတို ့ပါ၀င်သည့် ပူးပေါင်းဖက်စပ်မှု ကို အများမျှော်လင့်စောင့်စားနေတဲ့ Madison Square Garden၊ နယူးယောက်မြို ့မှာ ပြုလုပ်ကျင်းပမယ့် UFC®  217: BISPING vs. ST-PIERRE Live ထုတ်လွှင့်မည့် အချိန်ဖြစ်တယ့် စနေနေ့ နိုဝင်ဘာ ၄ရက်နေ ့မှ စမှာပါ။

ယခုလို ပူးပေါင်းရခြင်း၏ ရည်ရွယ်ချက်က UFC နှင့် ရောစပ် စစ်တိုက်-စစ်ထိုး အနုပညာအားကစားက အာရှ နှင့် အခြား ကမ္ဘာတစ်ဝန်း မှာပါ ရေပန်းစားလာပြီဆိုတာကို ပြသချင်တာပါ။ အာရှ ပစိဖိတ် ၏  UFC ဒု ဥက္ကဌ Kevin Chang က “အဲအေးရှားက အသစ်အသစ်တွေတီထွင်ဖန်တီးမှုမှာ ဦးဆောင်နေပြီး တိုးတတ်မှုမြန်တဲ ့လေကြောင်းလိုင်းတစ်ခုပါ။ အခုလို ပံ့ပိုးပေးတဲ့အတွက်လည်း အဲအေးရှားကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ နောင်တွင်လည်း fight fans တွေနဲ ့အဲအေးရှား ဧည့်သည်တွေ ပျော်စေဖို ့ပွဲတွေ ကန်ပိန်းတွေ တီထွင်ဖန်တီးပေးဖို ့မျှော်လင့်နေပါတယ် ”

အဲအေးရှားအုပ်စု၏ စီးအီအို Tony Fernandes ကလည်း အခုလိုပဲ ပြောကြားထားပါတယ်။ “UFC ရဲ့ အရမ်းမြန်တဲ့ တိုးတတ်မှုကလည်း ကမ္ဘာမှာ မျက်မြင်ပါပဲ၊ UFC က သူတို ့ရဲ့Denver မှာကျင်းပတဲ ့ပထမဦးဆုံးပွဲ ကနေ အခြား US မှာရှိတဲ့မြို ့တွေကို ချဲ ့ထွင်တယ်၊ ပြီးတော့ အခြားအာရှ ပစိဖိတ်ဒေသတွေနဲ ့ကမ္ဘာကို ချဲ ့ထွင်တယ်။ အဲအေးရှားကတော့ ပြည်တွင်းလေကြောင်းလိုင်း အသေးလေးကနေ အာရှရဲ ့အကြီးဆုံး စရိတ်သက်သာ လေကြောင်းလိုင်းအဖြစ် အာရှကနေ US အထိ ချဲ ့ထွင်လိုက်တာပါ။ ကျွန်တော်တို ့ရဲ ့လာရာလမ်းကြောင်းက ပြောင်းပြန်ဖြစ်ပေမယ့်လည်း ရည်မှန်းချက် အိပ်မက်ကတော့ တူတူပါပဲ။ အခုလို ရည်မှန်းချက်တူ၊ စိတ်ကူးတူတဲ့ အဖွဲ ့အစည်းနဲ ့ ကျွန်တော်တို ့ပူးပေါင်းခွင့်ရတာ အရမ်း ဝမ်းသာ စိတ်လှုပ်ရှားရပါတယ်”

အဲအေးရှားက နိုင်ငံတကာ လှုပ်ရှားမှုကို UFC ရဲ့သမိုင်းဝင် ဦးဆုံးပွဲ ဖြစ်တဲ့ စနေနေ ့ နိုဝင်ဘာ ၂၅ရက် နေ့၊ တရုတ်ပြည်မကြီး၊ ရှန်ဟိုင်းမှာ ရှိတဲ့ Mercedes-Benz Arena မှာ ကျင်းပမယ့် UFC FIGHT NIGHT® : SILVA vs. GASTELUM ပွဲမှာ စတင်မှာ ဖြစ်ပါတယ်။ ပူးပေါင်းမှုရဲ ့တစ်စိတ်တစ်ပိုင်း အနေနှင့် အဲအေးရှား က ရှန်ဟိုင်းမှာ ပြုလုပ်တဲ့ UFC ရဲ့ ကမ္ဘာကျော် Octagon® ပွဲအတွင်း ဆိုင်းဘုတ်များ၊ ကြော်ငြာများကို ချပြဖို ့အခွင့်ရရှိထားပါတယ်။ ထို ့နောက် ၂၀၁၈အတွင်း ကျင်းပမယ့် UFC ပွဲများကိုလည်း ရွေးချယ်ခွင့် ရရှိလိုက်ပါတယ်။

အကျိုးတူပူးပေါင်းမှုနှင့်အတူ ၂၀၁၈ မှာ ပြုလုပ်မည့် ပွဲတစ်ပွဲတွင် ဒေသတစ်လျှောက် UFC ပရိသတ် ရွေးချယ်မှုအတွေ ့အကြံုများရဲ ့တင်ဆက်ခွင့် စပွန်ဆာ အဖြစ်ရရှိမှာပါ။ ထို ့ပြင် ပရိသတ် ၂ယောက်ကို UFC VIP အတွေ ့အကြံု ရရှိနိုင်မယ့်အခွင့်အရေးကို ပေးနိုင်မယ့် national sweepstakes campaign ကိုလည်း promote လုပ်ခွင့်ရရှိမှာပါ။ လေကြောင်းလိုင်းရဲ ့အမှတ်တံဆိပ်ကို များစွာသော UFC နှင့် ဆက်စပ်သော ဆိုရှယ်နှင့် ဒီဂျစ်တယ် အစီအစဉ် လိုင်းများတွင် ပူးပေါင်း ကြေငြာခွင့်ရရှိပြီး UFC.com နှင့် Live-event ရုပ်သံလွှင့် အစီအစဉ်များတွင်လည်း အမှတ်တံဆိပ်ကို တင်ဆက်ခွင့် ရမှာပါ။ နောက်ပြီး တရုတ်ပြည်တွင် သုံးသည့် Weibo နှင့် WeChat တို ့တွင် ပူးတွဲ စပွန်ဆာ အနေဖြင့် တင်ဆက်ခွင့် ရမှာပါ။

နိုင်ငံတကာ UFC ပွဲများတွင် Partnership ပူးပေါင်းမှုကြောင့် ယခုလိုမျိုး ပွဲစပွန်ဆာအနေဖြင့် အဲအေးရှား နှင့် UFC မီဒီယာ အစီအစဉ်လိုင်းများတွင် အာရှ Fight fans များထံသို ့ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ co-branded အကြောင်းအရာများကို တင်ဆက်ပေးသွားနိုင်မှာပါ။ ထိုအကြောင်းအရာများတွင် UFC အားကစားသမားများ လစဉ် လေ့ကျင့်သင်တန်းဆင်းမှုများ နှင့် UFC လုပ်ဆောင်မှု လေ့ကျင်းသင်တန်းကျောင်း ၀န်ထမ်းများ၏ မန်ဘာများအကြောင်း စသဖြင့် လည်းတို ့ပါ၀င်ပါသည်။

UFC နှင့် အဲအေးရှား တို ့အတူတကွ ပထမဦးဆုံး UFC စကော်လာရှစ် ပရိုဂရမ် ရရှိမည့်သူ ရွေးချယ်မှုကိုလည်း သမိုင်းတွင်ကျယ်စေရန် လုပ်ဆောင်သွားမှာပါ။ ထို စကော်လာရှစ် ပရိုဂရမ် တစ်စိတ်တစ်ပိုင်းအရ အာရှ အခြေစိုက် အားကစားသမား အနေဖြင့် ကုန်ကျစရိတ်များအားလုံး အပါအဝင် United States သို ့သွားရန်ကုန်ကျမည့် ခရီးစရိတ်နှင့် Las Vegas ၊ Nevada မှာရှိတဲ့ UFC လုပ်ဆောင်မှု သင်တန်းကျောင်းခ အတွက်ကိုပါ စကော်လာရှစ်က ကုန်ကျခံသွားမှာပါ။

အဲအေးရှား အသေးစိတ် အချက်အလက်များအတွက် airasia.com သို ့မဟုတ် အဲအေးရှား Facebook ၊ Youtube၊ Twitter ၊ Weibo ၊ သို ့မဟုတ် WeChat နှင့် Zhihu တွင် သွားရောက် လေ့လာနိုင်ပါသည်။

UFC အသေးစိတ်အချက်အလက်များအတွက် UFC.com ၊ Weibo ၊ WeChat ၊ Youku ၊ QQ ၊ Facebook(UFC Asia) ၊ Twitter နှင့် Instagram(@ufc) တို ့တွင် သွားရောက်လေ့လာနိုင်ပါသည်။

UFC®  အကြောင်း

UFC® က အဆင့်မြင့် ကမ္ဘာ့အားကစား ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ Pay-Per-View (ကြည့်ရှုမှုတိုင်းတွင် ပေးချေရခြင်း) အများဆုံး ဖြစ်ပြီး ပွဲများအတွက် ထောက်ပံ့ပေးနေသာ အကြီးဆုံး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။ UFC ကို ကမ္ဘာ ့ အားကစား ၊ ဖျော်ဖြေရေး နှင့် ဖက်ရှင်မှာ ဦးဆောင်သူဖြစ်တဲ့ Endeavor က နည်းဗျူဟာ ပူးတွဲလုပ်ဆောင်သူများဖြစ်တဲ့ Silver Lake Partners နှင့် KKR တို ့နှင့်အတူ ၂၀၁၆မှာ ၀ယ်ယူခဲ့ပါသည်။ UFC ကို ကမ္ဘာတစ်ဝန်းမှာ ရှိနေတဲ့ ၀န်ထမ်းကွန်ယက် နဲ ့Las Vegas မှာ Headquarter အဖြစ်ထားရှိထားပါတယ်။ UFC က တစ်နှစ်လျှင် Live event ပွဲ ၄၀ကျော် ထုတ်လုပ်ပြီး အချို ့သော ကမ္ဘာကျော်တဲ့ နာမည်ကြီးပွဲ တွေကို အစဉ်တဆက် အောင်မြင်စွာ ရောင်းချနိုင်ပါတယ်။ ထို ့နောက် ထိုပွဲစဉ်များကို နိုင်ငံပေါင်း ၁၆၃နိုင်ငံကျော်မှာ ရုပ်သံလွှင့်ပြနေပြီး ဘာသာစကားပေါင်း ၃၅ခု နှင့် ကမ္ဘာတစ်ဝှမ်းရှိ ၁.၁ သန်းကျော် အိမ်ထောင်စုတွေ ကို ပြသနေတာပါ။ UFC® FIGHT PASS® က ဒီဂျစ်တယ်ကနေ တင်ဆက် ထုတ်လွှင့်ပေးနေတဲ ့အစီအစဉ်လိုင်း တစ်ခု ဖြစ်ပြီး သီးသန် ့Live ပွဲစဉ်တွေနဲ ့တောင်းဆိုလို ့ရတဲ ့ထောင်ကျော်တဲ့ပွဲစဉ် တွေကိုပါ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်တွေကို စစ်မှန်တဲ့ ပွဲအကြောင်းအရာတွေနဲ ့တင်ဆက် နေတာပါ။ အသေးစိတ် အချက်အလက်များအတွက် UFC.com ၊ Weibo ၊ WeChat ၊ Youku ၊ QQ ၊ Facebook(UFC Asia) ၊ Twitter နှင့် Instagram(@ufc) တို ့တွင် သွားရောက်လေ့လာနိုင်ပါသည်။

အဲအေးရှား အကြောင်း

အဲအေးရှားလေကြောင်းလိုင်းသည် အာရှအခြေစိုက်လေကြောင်းလိုင်းတစ်ခုပါ။ ခရီးစဉ်ပေါင်း ၁၂၀ကျော်အထိ ခရီးသည် ဧည့်သည်များကို ပျံသန်းပို ့ဆောင်ပေးနေသော အကြီးမားဆုံး စရိတ်သက်သာ လေကြောင်းလိုင်းတစ်ခုလဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ခရီးစဉ်များ စတင်ပြေးဆွဲကာ ယခုချိန်မှာ ခရီးသည်ဧည့်သည် သန်း(၄၀၀)ကျော်ကို သယ်ယူပို ့ဆောင်ပြီး ဖြစ်ပြီး လေယာဉ်(၂)စီးမှ လေယာဉ် အစီးရေ (၂၀၀)ကျော်အထိ တိုးချဲ ့နိုင်ခဲ့တဲ ့လေကြောင်းလိုင်းလဲ ဖြစ်ပါတယ်။ အာစီယမ်(အရှေ ့တောင်အာရှ နိုင်ငံများ ပူးပေါင်းမှု) လေကြောင်းလိုင်း စစ်စစ်တစ်ခု ဖြစ်ခွင့်ရလို ့လည်း အမြဲ ဂုဏ်ယူလျက်ပါ။ လေကြောင်းလိုင်း ခရီးစဉ်လုပ်ငန်းဆောင်တာ Quarter များကို မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အန္ဒိယ နှင့် ဂျပန်တို ့မှာ ဖွင့်လှစ်ထားပြီး အာရှ၊ သြစတေးလျ၊ နယူးဇီလန်၊ အရှေ ့အလယ်ပိုင်း နှင့် အမေရိက အထိတောင် ပျံသန်းပြေးဆွဲနေပါသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ ့အကောင်းဆုံး စရိတ်သက်သာလေကြောင်းလိုင်းအဖြစ် (၉)ကြိမ်တိုင်တိုင် ဆက်တိုက် ဂုဏ်ပြုသတ်မှတ်ခံခဲ့ရပါသည်။ လေယာဉ်အတွင်း အကောင်းဆုံး ၀န်ဆောင်မှု အဖြစ်ဂုဏ်ပြုခံရပြီး ၀န်ဆောင်မှုအပြည့် လေကြောင်းလိုင်းများကို သာလွန်ကာ (၄)နှစ်ဆက်တိုက် ကမ္ဘာ ့ဦးဆောင်နေသာ စရိတ်သက်သာလေကြာင်းလိုင်းအဖြစ်လည်း ၂၀၁၆ World Travel Awards မှာ အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။

UFC အတွက် ဆက်သွယ်ရန်

Feryal Hemamda

PR and Marketing Director (Asia)

Cell: (+65) 8569 7264

Email: [email protected]

အဲအေးရှားအတွက် ဆက်သွယ်ရန်

Audrey P Petriny

Group Head of Communications

Cell: (+62) 81 2129 1084

Email: [email protected]
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags