အများစောင့်ကြည့်ခဲ့ကြတဲ့ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းတွင် ရိုဟင်ဂျာအသုံးအနှုန်း လုံးဝမပါ၀င်

အများစောင့်ကြည့်ခဲ့ကြတဲ့ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းတွင် ရိုဟင်ဂျာအသုံးအနှုန်း လုံးဝမပါ၀င်

နိုဝင်ဘာ ၂၈ ။            ။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နိုဝင်ဘာ ၂၈ ရက်က မိန့်ခွန်းပြောကြားရာမှာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို လေးစားလိုက်နာကြရေးကိုသာ   တောင်းဆိုပြောကြားသွားခဲ့ပါတယ်။

သို့ပေမယ့်လည်း ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ဖော်ပြပြောဆိုမှုကို ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောကြား သွားခဲ့ခြင်း မရှိသလို မျိုးနွယ်စု ရှင်းလင်းသုတ်သင်မှု စွဲချက်မျိုးနဲ့ပတ်သက်လို့   ပြောကြားချက်မျိုးကိုလည်း မပြုလုပ်ဘဲ ရှောင်ကြဉ်သွားခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ စင်မြင့်ထက်မှာ အတူတကွ မိန့်ခွန်းပြောဆိုရာမှာတော့ ပုပ်ရဟန်းမင်းကြီးက ဘင်္ဂါလီ ( ရိုဟင်ဂျာ ) အကြပ်အတည်းကိစ္စကို   ပြောကြားသွားခဲ့ခြင်းမရှိပါဘူး။

ယင်းအစား လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တရားမျှတမှု နည်းလမ်းကနေတဆင့်ပဲ ငြိမ်းချမ်းရေးကို ရရှိနိုင်တယ်လို့ ၎င်းက ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မျိုးနွယ်စု အုပ်စု တစ်စခုချင်းစီနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတို့ကို လေးစားဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

ယခု ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာတော့ "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်း  လုံးဝ ပါ၀င်လာခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly