နေမာ၏ လစာငွေမှာ ထိပ်တန်းအမျိုးသမီးလိဂ် ရ ခုမှ ဘောလုံးသမားများ၏ လစာငွေနှင့် တူညီနေ

နေမာ၏ လစာငွေမှာ ထိပ်တန်းအမျိုးသမီးလိဂ် ရ ခုမှ ဘောလုံးသမားများ၏ လစာငွေနှင့် တူညီနေ

နိုဝင်ဘာ ၂၈၊ ပြင်သစ် ။          ။ ပီအက်စ်ဂျီအသင်းတွင် နေမာရရှိနေသည့် လစာငွေ ပမာဏမှာ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးလိဂ် ရ ခုမှ ဘောလုံးသမားအားလုံး၏ လစာငွေပမာဏနှင့်တူညီနေကြောင်း စစ်တမ်းအသစ်တစ်ခုမှ ဖော်ပြသွားခဲ့သည်။

နေမာသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းဖြင့် ဘာစီလိုနာမှ ပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး တစ်နှစ်လုပ်ခလစာငွေ ပေါင် ၃၂.၉ သန်း ရရှိလျက်ရှိသည်။

ယခုစစ်တမ်းတွင် နေမာ၏လစာငွေကိုသာ တွက်ချက်ခြင်းဖြစ်ပြီး သူ၏ကြော်ငြာဝင်ငွေကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။ သို့သော် နေမာ၏လစာငွေမှာ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်၊ မက္ကဆီကို၊ သြစတြေးလျနှင့် ဆွီဒင်နိုင်ငံတို့တွင် ကစားလျက်ရှိသည့် အမျိုးသမီးကစားသမားပေါင်း ၁၆၉၃ ဦး၏ လစာငွေပမာဏနှင့် တူညီလျက်ရှိသည်။ ၎င်းတို့၏လစာငွေစုစုပေါင်းမှာ ပေါင် ၃၂.၈ သန်းသာ ရှိသည်။

ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာပေါ်တွင် လစာငွေအများဆုံးပေးချေရသည့် အားကစားအသင်းများ၌ ဘာစီလိုနာ၏နောက် ပဥ္စမနေရာတွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။ ပီအက်စ်ဂျီအသင်းမှ ကစားသမားတစ်ဦး၏ တစ်နှစ်ပျမ်းမျှလစာငွေမှာ ပေါင် ၆.၄ သန်းဖြစ်သည်။

အမျိုးသမီးဘောလုံးလောကတွင် လစာငွေအများဆုံးပေးချေနေရသည့်အသင်းမှာ လိုင်ယွန်အသင်းဖြစ်ပြီး တစ်နှစ်ပတ်လုံးမှ ကစားသမားတစ်ဦး၏ လုပ်ခလစာငွေမှာ ပေါင် ၁၄၅,၀၀၀ သာရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags