ဖေ့ဘွတ်ခ်အကောင့် အဟက်ခံလိုက်ရတဲ့ အဆိုတော်ချမ်းချမ်း

ဖေ့ဘွတ်ခ်အကောင့် အဟက်ခံလိုက်ရတဲ့ အဆိုတော်ချမ်းချမ်း
ဓာတ်ပုံ - ချမ်းချမ်း Facebook

ရန်ကုန် နိုဝင်ဘာ ၂၈ ။         ။ အဆိုတော်ချမ်းချမ်းက မနေ့ညက သူ့ရဲ့လူမှုကွန် ယက်စာမျက်နှာ Facebook အကောင့် အဟက်ခံ လိုက်ရတယ်လို့ မဇ္ဈိမကို ပြောပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက ဟက်ကာ (Hacker) တစ်ယောက်က ဟက်ခဲ့တာဖြစ်ပြီး၊ အခု အခါမှာ Facebook အကောင့်ကို password ပြန်ချိန်းလိုက်ပြီ ဖြစ်တယ်လို့ အဆိုတော်ချမ်းချမ်းက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၊  မဇ္ဈိမရဲ့ ဆက် သွယ်မေးမြန်းထားပါတယ်။

မဇ္ဈိမ - မနေ့ညက အစ်မရဲ့ အကောင့် အဟက်ခံရတယ်လို့ ကြားတယ်၊ အဲဒါ ဟုတ်လား။

ချမ်းချမ်း - ဟုတ်တယ်ရှင့်၊ ကျွန်မအကောင့် အဟက်ခံရတာ အခု ကျွန်မ password ပြန်ပြောင်းထား တယ်၊ ကျွန်မအကောင့်ကနေပြီး သုံးနေတယ်၊ စစ ဖြစ်ချင်း ကျွန်မသိလိုက်လို့၊ ကျွန်မနဲ့ကျွန်မတေးရေး နဲ့ Messenger က ပြောနေတဲ့ဟာတွေကိုပေါ့နော်၊ အန်တီမေသော်နဲ့ အစ်မနဲ့ပြောနေတဲ့ကြားထဲ သူက ဝင်လာပြီးတော့ ကျွန်တော်စိုင်းလင်းပါ ဘယ်သူပါ ဆိုပြီးတော့ သူက ဝင်ပြောတာ၊ပြီးတော့ ပြောလည်း ပြောပြီးရော အစ်မရေးတဲ့စာတွေကို သူက ဝင်ဖျက်၊ သူ့ဖာသာ ပြန်ရိုက်ထည့် အဲဒါမျိုးတွေလုပ်တာ၊ ပြီး ရင် အန်တီမေသော့်အကောင့်ကို သုံးလိုက်၊ သူက အဲဒီလို အကောင့် ၂ ခု တစ်ပြိုင်တည်း ဝင်သုံးတာ၊ အစ်မက အဲဒီနည်းပညာတွေ နားမလည်ဘူး၊ သူက အဲဒီလို လုပ်တော့ ကျွန်မကို ကြောင်သွားတာ။

မဇ္ဈိမ - အရင်တုန်းကရော အဲဒီလို ဖြစ်ဖူးလား။

ချမ်းချမ်း - ကျွန်မ တစ်ခါမှမဖြစ်ဖူးဘူး၊ ကျွန်မက ချမ်းချမ်းဆိုတဲ့နာမည်နဲ့ သုံးတာမဟုတ်ဘူး၊ အိမ် နာမည်၊ အပြင်နာမည်နဲ့ပဲ သုံးတာ၊ တော်ရုံတန်ရုံ အစ်မနာမည်နဲ့ ရှာဖို့ဆိုတာ မလွယ်ဘူး၊ တစ်ယောက်ယောက်ပေါ့နော်၊ ကျွန်မရဲ့သတင်းတွေကို ဝင်ပြီး ဟက်တဲ့သဘောမျိုးပေါ့၊ ကျွန်မဘဝမှာ အမှတ်တရဆိုလို့ အဲဒီအကောင့်ပဲရှိတာ၊ အဲဒါကို လက်မခံနိုင်ဘူး၊ အစ်မ မိတ်ဆွေတွေကလည်း ကူ ညီကြပါတယ်။

မဇ္ဈိမ - အခုရော အစ်မအကောင့်လုံခြုံရေးအတွက်ရော လုပ်ပြီးပြီလား၊

ချမ်းချမ်း - အခု ကျွန်မအကောင့် password ပြန် ချိန်းထားတယ်၊ ပြီးတော့ ကျွန်မအိမ်ဖုန်းတွေ၊ တခြား ဟန်းဖုန်းတွေနဲ့သုံးတာတွေ ရှိတယ်၊ အဲဒီ ဖုန်းတွေ ပျောက်တုန်းက သုံးထားတဲ့ဟာတွေ ရပြီး တော့ ဝင်သုံးတာလည်း ဖြစ်နိုင်တာပေါ့နော်၊ အခု ကတော့ အဲဒီသုံးနေတဲ့ Facebook အကောင့်တွေ အားလုံးကို lockout လုပ်ပစ်လိုက်တယ်။

မဇ္ဈိမ - ဟုတ်ကဲ့ အစ်မရေ၊ အခုရက်ပိုင်းအတွင်းမှာ အနုပညာရှင်အချို့ရဲ့ Facebook အကောင့်တွေ ဟက်ခံရတာတွေရှိနေတဲ့အပေါ်မှာ ဘယ်လိုပြော ချင်လဲ။

ချမ်းချမ်း - အဲဒါကိုနားမလည်နိုင်တာ၊ ကျွန်မပြော ချင်တာက အဲဒီလို သူတို့ ကျွန်မတို့ အကောင့်တွေ ဟက်နေလို့ရော ဘာတွေ ရနေလို့လဲ၊ ဘာ သူတို့ က လိုချင်နေတာလဲ၊ ကျွန်မမှာ ဒီယောက်ျား၊ ဒီ မိသားစု၊ ဒီအိမ်ပဲ ရှိတယ်၊ သူတို့က ဘာကို သိချင် ပြီး ဘာလုပ်ချင်တာလဲ၊ ဒီလို သူများ အကောင့် တွေဟက်ပြီး သူများလျို့ဝှက်ချက်တွေ ဖော်ချင်တာက တော်တော်အောက်တန်းကျတဲ့လုပ်ရပ်ပဲ လို့ ပြောချင်တယ်။

အခုရက်ပိုင်းအတွင်းမှာ သရုပ်ဆောင် ဖွေးဖွေး၊ သက်မွန်မြင့်၊ မြတ်ကေသီအောင်အပါအဝင် အနုပညာရှင်အချို့ရဲ့ Facebook အကောင့်တွေ အဟက်ခံရခြင်းများ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly