အရက်ကြော်ငြာတွင် အမျိုးသမီးများပါဝင်မှုအပေါ် ကြပ်မတ်မည်ဟု သမ္မတရုံး ဒုဝန်ကြီးပြော

အရက်ကြော်ငြာတွင် အမျိုးသမီးများပါဝင်မှုအပေါ် ကြပ်မတ်မည်ဟု သမ္မတရုံး ဒုဝန်ကြီးပြော

နေပြည်တော်၊ ဩဂုတ် ၁၉ ။         ။ အရက်ကောင်တာများနှင့် စားသောက်ဆိုင်များတွင် အမျိုးသမီးများ အရက်ကြော်ငြာနေမှုနှင့် ရောင်းချနေမှုတို့အပေါ် ကြပ်မတ်သွားမည်ဟု သမ္မတရုံးဝန်ကြီးဌာန(၁)မှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ထွန်းက ပြောသည်။  

“အရက်ကောင်တာတွေမှာ အမျိုးသမီးတွေကို လခနဲ့ဖြစ်ဖြစ်၊ လခမဲ့ဖြစ်ဖြစ် ကြော်ငြာ ဆောင်ရွက်နေတာတွေကို ယစ်မျိုးဥပဒေနဲ့အညီ ကြပ်မတ်သွားမှာပါ” ဟု ဦးကျော်ကျော်ထွန်းက ပြောသည်။  

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၏ အရက်၊ ဘီယာ၊ စီးကရက်ကြော်ငြာများကို အထူးကန့်သတ်လျှော့ချသွားရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်ပြီး ဩဂုတ် ၁၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် သမ္မတရုံးဒုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းနှင့် ပြည်နယ်အသီးသီးတွင် အရက်၊ ဘီယာနှင့် စီးကရက်တို့ကို အမျိုးသမီးများက နည်းအမျိုးမျိုးဖြင့်ဆွဲဆောင်ပြီး ကြော်ငြာနေသောကြောင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် များလျှော့နည်းဆုံး ရှုံးမှုမဖြစ်စေရန် အစိုးရက အထူးကြပ်မတ်သင့်ကြောင့် အာဏာရပါတီအမတ်ဖြစ်သူ အဆိုရှင် ဦးလှဆွေက ပြောသည်။

“ဘယ်လောက်ထိ ထိန်းချုပ်ကန့်သတ်မယ်ဆိုတာ လွှတ်တော်ကတိကဝတ်ကော်မတီက စောင့်ကြည့်သွားလိမ့်မယ်” ဟု ဦးလှဆွေက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly