ခံတွင်းနံ့ ဆိုးကို ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။

ခံတွင်းနံ့ ဆိုးကို ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။

ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဆိုးဝါးသောခံတွင်းနံ ့က လူတွေ၏ယုံကြည်မှုကို ထိခိုက်စေနိုင်သော အနှောင့်အယှက်ပေးသည့် ပြဿနာတစ်ခုဖြစ်သည်။ ဤဆောင်းပါးတွင် သင်၏ခံတွင်းနံ့ဆိုးကိုဘယ်လိုကောင်းအောင် ပြောင်းလဲရမလဲဆိုတာကိုပြောပြပါမည်။

သင့်သွားကိုတစ်နေ့လျှင် အနည်းဆုံး၂ကြိမ်တိုက်ပါ။

ဘက်တီးရီးယားနှင့် ဆွေးမြည့်သောအစားအစာများသည် ခံတွင်းနံ့ကို ဆိုးရွားစေသည်။ ထို့ပြင်် ပါးစပ်ထဲတွင် ပိုးမွှားပေါက်ဖွားရန် အပေါက်ကလေးများနှင့် ချောင်ကြိုချောင်ကြား ရာနှင့်ချီ၍ ရှိပါသည်။ ထို့ကြောင့် ခံတွင်းနံ့ဆိုးမှကင်းဝေးရန် သွားတိုက်ခြင်းကို များစွာအာရုံစိုက်ရမည်။

• နူးညံ့၍အမွေးအမျှင်များသောသွားတိုက်တံကိုသုံးပါ။ သွားတိုက်တံကိုသွားဖုံးနှင့်၄၅ဒီဂရီ ထားပြီးကိုင်ပါ။ သွားကိုဂရုတစိုက်တုုိက်ပါ။ ကြမ်းတမ်းသောသွားတိုက်နည်းက သွားဖုံးကိုထိခိုက်စေသောကြောင့် နူးညံစွာတိုက် ဖို့မမေ့ပါနှင့်။ ကောင်းမွန်သောသွားတိုက်ခြင်းသည် ၃မိနစ်ခန် ့အချိန်ယူပါသည်။
• ပါးစပ်ထဲရှိနေရာအားလုံးကိုဂရုစိုက်ပါ။ ဥပမာ-သွားဖုံး၊ လျှာနှင့်သွား

လျှာသန့်ရှင်းရေးလုပ်ပါ။

သင့်လျှာတွင် အဖုအထစ်များစွာပါရှိသည့်အတွက် သွားတိုက်ရုံနှင့်မလုံလောက်ပါ။ ဆိုလိုသည်မှာလျှာသည် ပါးစပ်ရှိအခြားနေရာများထက် ဘက်တီးရီးယား ပို၍ရှိနေနိုင် သည်ဟု ဆိုလိုခြင်းဖြစ်သည်။
• လျှာကိုသန့်ရှင်းရန် သီးသန့်ပစ္စည်းတစ်ခုဝယ်ခြင်း(သို့) ပုံမှန်နူးညံ့၍အမွှေးအမျှင်ရှိသော သွားတိုက်တံကိုသုံးပါ။
• လျှာကို အနောက်မှအရှေ့သို့ သန့်ရှင်းပါ။ ပလုတ်ကျင်းပေးပါ။
• အကယ်၍ သင်သည် ပြင်းထန်စွာပျို ့အန်တတ်သူဖြစ်လျှင် ဤအဆင့်သည် သင့်အတွက်သင့်တော်မှုရှိမရှိ ဆရာဝန်နှင့်ဆွေးနွေးပါ။

နေ့စဉ်သွားပွတ်ကြိုးသုံးပေးပါ။

သွားပွတ်ကြိုးသုံးခြင်းသည် သွားတိုက်သကဲ့သို့ အရေးကြီးသော်လည်း အများစုကလျစ်လျူရှူထားကြသည်။ သွားပွတ်ကြိုးကိုပထမဆုံးစတင် အသုံးပြုချိန်တွင် သင်သွားဖုံးအတွင်း အချိန်အတော်ကြာရှိနေသော အစားအစာများပြုတ်ထွက်ခြင်းကြောင့် သွေးထွက်နို်င်သည်။ အသုံးပြုပြီးနောက် သင့်သွားပွတ်ကြိုးကို နမ်းကြည့်ပါ။ သင်ဘာကြောင့်ခံတွင်းနံ့ နံရသည်ကိုသိပါလိမ့်မည်။

အာလုတ်ကျင်းဆေးရည်သုံးပါ။

မှန်မှန်ပလုတ်ကျင်းခြင်းသည် သင့်ပါးစပ်ကိုစိုစွတ်၍ ပိုးမွှားကင်းစေသည်။
• ကလိုရင်းဒိုင်အောက်ဆိုဒ်ပါ၀င်သော အာလုတ်ကျင်းဆေးကိုရွေးချယ်ပါ။ ခံတွင်းနံ ့နံစေသော ဘက်တီးရီးယားအများစုသည် လျှာအနောက်ဘက်တွင် နေကြသည်။ ထိုနေရာသည် ပုံမှန်သွားတိုက်ခြင်းနဲ ့အလှမ်းမမီပါ။ ထို့ကြောင့်ကလိုရင်းဒိုင်အောက်ဆိုဒ်ပါသော အာလုတ်ကျင်းဆေးနှင့် မှန်မှန်ပါးစပ်ကျင်းပေးခြင်းက ထိုဘက်တီးရီးယားများကို သေစေနိုင်သည်။
• သွားမတိုက်ခင်၊ သွားပွတ်ကြိုးမသုံးခင်၊ ပါးစပ်ကို ပလုတ်အရင်ကျင်းသင့်သည်။ ပြီးမှ ဆက်လုပ်သင့်သည်။ ဤသို့အရင်လုပ်ပြီးမှ သွားတိုက်ခြင်း ၊ သွားပွတ်ကြိုးနဲ ့သွားကြားသန် ့ရှင်းရေးလုပ်ခြင်းကို ပြုလုပ်ပါ။ နောက်ဆုံးတွင် တစ်ခေါက် ပလုတ်ပြန်ကျင်းပါ။ ဤနည်းသည် ကျန်ရှိနေနိုင်သောဘက်တီးရီးယားအားလုံးကို ဖယ်ရှားပေးပါသည်။

ပီကေဝါးပါ။

မည်သည့်ပီကေမဆို၀ါးလျှင် ပါးစပ်ထဲတွင်တံတွေးများများထွက်အောင် လှှုံ့ဆော်ပေးနိုင်သည်။ကောင်းမွန် သင့်တော်သောပီကေများမှာ
• သစ်ကြံပိုးခေါက်အရသာရှိသော ပီကေများသည် ဘက်တီးရီးယားများကို တိုက်ခိုက်ဖို ့ အတွက်အလွန်ထိရောက်သည်။
• Xylitolပါသောပီကေများက ပါးစပ်ထဲတွင်ပိုးများမပွားအောင် ကာကွယ်ပေးသောကြောင့် အခြားပီကေများထက် ပိုကောင်းမွန်သည်။

အထက်ပါအချက်များနှင့်အဆင်မပြေပါက ဆရာဝန်(သို့)သွားဆရာဝန်နှင့်တိုင်ပင်၍ အကြံဉာဏ်ယူသင့်သည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly