Gangnam Style သီချင်းအား ကြည့်ရှုမှုအကြိမ်ရေ ၃ဘီလျံကျော်အတွက် ပရိသတ်များကို PSY ကျေးဇူးတင်

Gangnam Style သီချင်းအား ကြည့်ရှုမှုအကြိမ်ရေ ၃ဘီလျံကျော်အတွက် ပရိသတ်များကို PSY ကျေးဇူးတင်

 

တောင်ကိုရီးယား၏နာမည်ကျော်အဆိုတော် PSY က ကမ္ဘာတစ်ဝန်းအောင်မြင်ခဲ့သည့် သူ၏ပေါက်သီချင်း ဖြစ်သော Gangnam Style သီချင်းဗီဒီယိုအား ကြည့်ရှုမှုအကြိမ်ရေ ၃ ဘီလျံကျော်ရှိခဲ့သည့်အတွက် သူ၏ ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

“Gangnam Style ကို ကြည့်ရှုမှုအကြိမ်ရေ ၃ ဘီလျံကျော်အထိရှိသွားပါပြီ။ ကျေးဇူးတင်ပါတယ်” ဟု PSY က သူ၏တွစ်တာ၌ စနေနေ့က ရေးသားခဲ့သည်။

PSY ၏ Gangnam Style သီချင်းမှာ Youtube ၌ ကြည့်ရှုမှုအကြိမ်ရေ သုံးဘီလျံကျော်အထိရှိခဲ့သော်လည်း လူဝဇ်ဖွန်စီနှင့် ဒယ်ဒီယန်းကီးတို့၏ Despacito သီချင်းနှင့် ၀စ်ဇ်ခါလီဇာနှင့် ချာလီပုသ်တို့၏ See You Again သီချင်းဗီဒီယိုနောက် တတိယလူကြည့်အများဆုံး သီချင်းဗီဒီယိုအဖြစ်သာ ရပ်တည်လျက်ရှိသည်။

သို့သော်လည်း လွန်ခဲ့သော ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့သည့် Gangnam Style သီချင်းမှာ ကမ္ဘာတစ်ဝန်းအောင် မြင်မှုများရရှိခဲ့ပြီး Youtube သမိုင်း၌ ကြည့်ရှုအကြိမ်ရေ တစ်ဘီလျံကျော်ရရှိသည့် ပထမဦးဆုံးသော သီချင်းဗီဒီယိုဖြစ်သည်။

လက်ရှိတွင် Yotube ၌ ကြည့်ရှုမှုအကြိမ်ရေ အများဆုံးရရှိထားသောသီချင်းမှာ Despacito သီချင်းဖြစ်ပြီး ကြည့်ရှုမှု ၄.၄ ဘီလျံအကြိမ်ခန့်ရှိကာ ဒုတိယနေရာမှ See You Again သီချင်းဗီဒီယိုက ကြည့်ရှုမှုအကြိမ်ရေ ၃.၂ ဘီလျံခန့်ရရှိထားသည်။

Gangnam Style သီချင်းဖြင့် စတင်လူသိများလာခဲ့သည့် PSY သည် ပြီးခဲ့သောမေလက 4x2=8  ဟု ခေါင်းစဉ် ပေးထားသည့် တေးအယ်လ်ဘမ်အား နောက်ဆုံးထွက်ရှိထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags