မွန်ဂိုလီးယား လက်ရွေးစင်အသင်းကို မြန်မာယူ-၂၃ အသင်း (၂-၁) ဂိုးဖြင့် ရှုံးနိမ့်

မွန်ဂိုလီးယား လက်ရွေးစင်အသင်းကို မြန်မာယူ-၂၃ အသင်း (၂-၁) ဂိုးဖြင့် ရှုံးနိမ့်
(ဓာတ်ပုံ - MFF)

နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ (၆) နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုုင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃အသင်းနှင့် မွန်ဂိုလီးယား လက်ရွေးစင်အသင်းတို့ရဲ့ ခြေစမ်းပွဲမှာ မွန်ဂိုးလီးယားအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာယူ-၂၃ အသင်းအနေဖြင့် ပွဲအစပိုင်းမှာပင် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက ပွဲချိန် ၉ မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ၎င်းဂိုးကို မွန်ဂိုလီးယားအသင်း တောင်ပံ ကစားသမား Tsagaantsooj က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာယူ-၂၃ အသင်းအနေဖြင့် ချေပဂိုး ရရှိရန် လူစားလဲမှုများပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပေမယ့်  မွန်ဂိုလီးယားအသင်းက ပွဲချိန်၃၇ မိနစ်မှာ Galtက ခေါင်းတိုက်ကာ ဒုတိယ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန် ၄၁ မိနစ်မှာ မြန်မာနောက်ခံကစားသမား သီဟထက်အောင်ဟာ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရတာကြောင့် မြန်မာယူ-၂၃ အသင်း တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်း ပွဲချိန် ပြီးဆုံးချိန်မှာ မွန်ဂိုလီးယား လက်ရွေးစင်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မြန်မာယူ-၂၃ အသင်းဟာ ချေပဂိုးများ ရရှိရန်အတွက် တိုက်စစ်မြှင့်ကစားခဲ့ပြီး ပွဲချိန် ရ၈ မိနစ်မှာ အသင်းခေါင်းဆောင် စည်သူအောင်က ပြစ်ဒဏ်ဘောမှတစ်ဆင့် ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ မွန်ဂိုးလီးယားအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့က ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းက မွန်ဂိုးလီးယား လက်ရွေးစင်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly