မန်စီးတီးအကြောင်းတွေးနေလျှင် ရူးနှမ်းခြင်းသာ ဖြစ်သည်ဟု ဂျာဂင်ကလော့ပ်ဆို

မန်စီးတီးအကြောင်းတွေးနေလျှင် ရူးနှမ်းခြင်းသာ ဖြစ်သည်ဟု ဂျာဂင်ကလော့ပ်ဆို

နိုဝင်ဘာ ၂၆၊ အင်္ဂလန် ။         ။ ချယ်လ်ဆီးအသင်းနှင့် ၁ ဂိုးစီ သရေကျပြီးနောက်တွင် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က လက်ရှိတွင် ၎င်းတို့အသင်းဖြစ်စေ အခြားအသင်းများကဖြစ်စေ မန်စီးတီးအကြောင်းကို တွေးတောနေပါက ရူးနှမ်းခြင်းသာ ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးနှင့်သရေကျခဲ့ခြင်းကြောင့် လီဗာပူးလ်အသင်းမှာ ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။ (မန်စီးတီးနှင့်အာဆင်နယ်တို့ ပွဲစဉ် ၁၃ မကစားရသေးခင် အချိန်အထိ မန်စီးတီးနှင့် ၁၁ မှတ်ကွာ၊ အာဆင်နယ်ထက် ၁ မှတ်များ)

“ကျွန်တော်တို့အသင်းရဲ့ လက်ရှိအခြေအနေ၊ အခြားအသင်းတွေရဲ့ လက်ရှိအခြေအနေအရ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအကြောင်းကို တွေးနေမယ်ဆိုရင် ရူးတာပါပဲ။

ဘဝမှာ အရေးအကြီးဆုံးက ကိုယ်ပိုင်ရည်မှန်းချက်နဲ့ မှန်ကန်တဲ့ရည်မှန်းချက်ရှိဖို့ပါပဲ။ ဒါဆိုရင် ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်တဲ့လူက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာပါပဲ။ ယုံကြည်မှုရှိတဲ့သူက ဘာမဆိုအများကြီးဖြစ်နိုင်ပါတယ်။

ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ကျွန်တော်အမှန်တကယ်တွေးနေတာက ကျွန်တော်တို့နိုင်သင့်တယ်ဆိုတာပါပဲ။ လက်ရှိအသင်းရဲ့အခြေအနေက အိုကေပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်ပေမယ့် ရလဒ်ကိုတော့ သိပ်မကြိုက်ပါဘူး” ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly