ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ဥပဒေပြုကာကွယ်ရန် အာဆီယံပါလီမန်အဖွဲ့ဝင်များ တောင်းဆို

ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ဥပဒေပြုကာကွယ်ရန် အာဆီယံပါလီမန်အဖွဲ့ဝင်များ တောင်းဆို

ဂျကာတာ၊ နိုဝင်ဘာ၂၅ ။          ။ ပြီးခဲ့သည့် သီတင်းပတ်က အာဆီယံထိပ်သီးညီလာခံတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု မူကြမ်းရရှိပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးအား ကာကွယ်ရေး ဥပဒေပြုရန် ဒေသတွင်းနိုင်ငံများအား လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အဖွဲ့ဝင်များက နိုဝင်ဘာ ၂၄ ရက်တွင် တိုက်တွန်းလိုက်သည်။

အာဆီယံအဖွဲ့ကြီးသည် မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပို်င်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပြီး ကမ္ဘာ့ဘဏ်၏ စာရင်းအရ လူဦးရေ ၆၃၉ သန်း ဝန်းကျင်ရှိကြောင်း သိရသည်။

“ထိပ်သီးညီလာခံမှာ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေရဲ့ အခြေခံစံတွေကို မဖြည့်ဆည်းနိုင်သေးပါ။ ကျွန်တော်တို့အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရေး တရားရေးဥပဒေပြုမှု ဒါကြောင့် တောင်းဆိုရတာပါ။”ဟု ဖိလစ်ပိုင်ကိုယ်စားပြု တက်ဒီက ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

မနီလာတွင် သဘောတူလက်မှတ်ထိုးခဲ့သော အာဆီယံမူရင်းနိုင်ငံများသို့ လာရောက်လည်ပတ်သော မိသားစုများအား ကာကွယ်ပေးရေး၊ ပတ်စ်ပို့ဆိုင်ရာ ရှုပ်ထွေးမှုများအား လျှော့ချရေး စသည့် ကိစ္စရပ်များ အကျုံးဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီမှုကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အဖွဲ့ APHR က ချီးမွှမ်းထားသည်။

သို့သော် အဆိုပါ သဘောတူညီမှုသည် ဥပဒေပြုမှု၊ စည်းမျဉ်းချမှတ်မှုနှင့် လက်တွေ့ အသုံးချနိုင်ခြင်းအထိ မရောက်ရှိသေးခြင်းအတွက် APHR က အနေဖြင့် စိတ်အားမရကြောင်း တက်ဒီက ပြောသည်။

အခြားသော အစည်းအဝေးအခမ်းအနားများတွင် APHR သည် အာဆီယံ၏ ကြားဝင်မစွက်ဖက်ရေး အခြေခံမူဘောင်ကို အကျိုးရှိထိရောက်သော တုံ့ပြန်မှုများကို ဟန့်တားထားသည့် မူဝါဒဖြစ်သည်ဟု ဝေဖန်မှုများ ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly