ငှက်ပျောဖူးကိုကြော်ချက်

ငှက်ပျောဖူးကိုကြော်ချက်

 

မင်္ဂလာပါ…………….။

ဒီတပတ်အတွက်ကတော့ ငှက်ပျောဖူးကိုကြော်ချက်လေးချက်ပါတယ်။ငှက်ပျောဖူးကို မှ ပုဇွန်ရယ် ကင်ပွန်းချဉ်ရွက်လေးရယ်နဲ့ကြော်ချက်လေးချက်တာပေါ့။စားလို့လဲကောင်း စျေးဖိုးလည်းသက်သာတော့ အိမ်ရှင်မတွေ သဘောကျမှာပါ။

လိုအပ်တာတွေကတော့

ငှက်ပျောဖူး ၁ဖူး

ကင်ပွန်းချဉ်ရွက် အနည်းငယ်

ပုဇွန် ၁၀သား (အခွံခွာ ဆား နနွင်း နယ်ထား)

ငရုတ်သီးစိမ်း အနည်းငယ်နဲ့ ကြက်သွန်ဖြူ နီ တို့ပါ။

ငှက်ပျောဖူးရဲ့ အနုဆုံးအဖက်လေးတွကိုယူပါ။ အဖန်ရည်ထွက်သွားအောင် ဆားနဲ့နာနာလေးနယ်ပါ။ ပြီးရင် ရေဆေးပြီး ရေစစ်ထားပါ။

ငရုတ်သီးထောင်းထားလေးကိုဆီသတ်ပါ။ပြီးရင် ပုဇွန်လေးတွေထည့်ပါမယ်။ အညှီနံ့ပျောက်ပြီး ရဲလာတဲ့ထိ ဆီသတ်ပါ။

ပုဇွန်လေးတွေ ရဲလာရင် ကင်ပွန်းချဉ်ရွက်နဲ့ ငှက်ပျောဖူးထည့်မွှေပေးပါ။ သူ့အရည်လေးနဲ့သူနူးအိတာမို့လို့ ရေထပ်မထည့်ရပါဘူး ဆားအနည်းငယ်ထည့်ပါ။

အိုးမကပ်အောင်မွှေပေးလိုက် အဖုံးအုပ်လိုက်လုပ်ပေးပါ။ ငှက်ပျောဖူး နူးလာရင် အရသာ အပေါ့အငန်မြည်းပြီး ဆီပြန်လာတဲ့ထိကြော်ပါ။

အခုဆိုရင်တော့ စျေးသက်သာပြီး ထမင်းမြိိန်တဲ့ ဟင်းတမယ် ရပါပြီ ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly