တေးသံရှင် မာမာအေး ၏ (၇၅) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် "စိန်ရတုအဥ္ဇလီ" ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

တေးသံရှင် မာမာအေး ၏ (၇၅) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် "စိန်ရတုအဥ္ဇလီ" ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။               ။ နာမည်ကြီး အနုပညာရှင် တစ်ဦး ဖြစ်သည့် တေးသံရှင် မာမာအေး ၏ အသက် (၇၅) နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ် "စိန်ရတုအဥ္ဇလီ" ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ( ၁၃) ရက်တွင် ရန်ကုန်မြို့ ၊ အမျိူးသား ကဇာတ်ရုံ ၌  ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

တေးသံရှင် မာမာအေး ၏ (၇၅) နှစ်ပြည့် မွေးနေ့အမှတ်တရ အဖြစ် "စိန်ရတုအဥ္ဇလီ" ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည့် အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲ  အခမ်းအနားကို နိုဝင်ဘာလ (၂၄) ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ပြုလုပ်ခဲ့သည်။

တေးသံရှင် မာမာအေး သည် ယခင်ကတည်းက အသက် ရ၅နှစ်ပြည့် မွေးနေ့ အတွက် အမှတ်တရ အဖြစ် ကျင်းပပြုလုပ်ရန် စီစဉ် ထားခြင်း ဖြစ်ပြီး အဆိုတော်ကြီးများလည်း ပါ၀င်မည် ဖြစ်ကာ ဂီတဖန်တီးသူများ၏ သားသမီး များ ၊ မျိုးဆက်သစ် အဆိုတော်များနှင့် အတူတကွ ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားသည်။

၎င်းအနေဖြင့် ထို ဂီတ ဖျော်ဖြေပွဲတွင် မြန်မာတေးသီချင်း အပုဒ် ၃၀ကျော် ဖြင့် ဖျော်ဖြေမည် ဖြစ်ကာ အနည်းဆုံး ၃ ၊ ၄ နာရီ ကြာမြင့်မည့် ဂီတဖျော်ဖြေပွဲ တစ်ခုလည်း ဖြစ်ပြီး  မျိုးဆက်သစ် အဆိုတော် များပါ သီဆိုနိုင်မည့် သီချင်းတွေကို ရွေး ချယ်ပြီး ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

တေးသံရှင် မာမာအေး သည် မြန်မာသံ ဂီတလောကတွင် ဂီတသက်တမ်း အနှစ် (၆၀ )ကျော် ရပ်တည်နိုင်ခဲ့တဲ့ သည့် အဆိုတော်ကြီး တစ်ဦးဖြစ်သလို  ယခုအချိန်ထိ ပရိသတ် အားပေးမှု ရရှိနေဆဲ အဆိုတော်ကြီး တစ်ဦးလည်း ဖြစ်သည်။

တေးသံရှင် မာမာအေး၏ ရ၅နှစ်မြောက် မွေးနေ့အမှတ်တရ အဖြစ် ရန်ကုန်မြို့အပြင် မန္တလေးမြို့တွင်လည်း ကျင်းပပြုလုပ် သွားမည် ဖြစ်ကာ ရန်ကုန်တွင် အမျိုးသားဇာတ်ရုံ၌ ဒီဇင်ဘာ၁၃ရက်တွင် ဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်ပြီး မန္တလေးမှာတော့ ဒီဇင်ဘာ၁၆ရက်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly