ကျောက်ကပ်ရောဂါ ဆိုတာ(အပိုင်း ၄ - နိဂုံးပိုင်း)

ကျောက်ကပ်ရောဂါ ဆိုတာ(အပိုင်း ၄ - နိဂုံးပိုင်း)

 

မေး။   ။ ကျောက်ကပ်နှစ်ဖက်လုံးကသေသွားပြီလို့ သိရပါတယ်။ ဒီလိုအခြေအနေမှာဘာဆက်လုပ်သင့်ပါသလဲ ။ ရောဂါsign က ပင်ပန်းလွယ်တာကလွဲရင် ဘာမှမပြပါဘူးတဲ့ ။

ဖြေ။    ။ မှန်ပါတယ်ခင်ဗျာ။ ကျောက်ကပ်နှစ်ခုစလုံးအဲဒါကတကယ့်တကယ် ပြောကြစတမ်းဆိုရင် အဓိကကတော့ နာတာရှည် ကျောက်ကပ်ပျက်တာ ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ နာတာရှည် ကျောက်ကပ်ပျက်တဲ့လူတွေမှာသွေးအားနည်းရောဂါ ဖြစ်လာတယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့ မောလာတယ်။ အဲဒီလိုကျောက်ကပ် သေးတယ်ဆိုရင် လိုအပ်တဲ့ စမ်းသပ်မှုလုပ်ဖို့ အလွန်အင်မတန် အရေးကြီးသွားပါပြီ။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာဘယ်လောက်ရှိသလဲ ပြီးတော့ ကျောက်ကပ်အနေအထားဘယ်လိုရှိသလဲဆိုတာကိုသေချာစမ်းသပ်ပြီးတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ယောက်နဲ့ ပြဖို့ ကျွန်တော် အကြံပေးပါရစေ။

မေး။   ။ လက်တွေမှာအကွက်တွေဖြစ်နေတာကျောက်ကပ်ကြောင့်လို့ ပြောပါတယ်တဲ့ ၊ ဟုတ်ပါသလား ။

ဖြေ။    ။ အရေပြားမှာအစက်ကလေးတွေ ထွက်တာကတော့ ကျောက်ကပ်နဲ့ မဆိုင်ဘူးလို့လည်းပြောလို့မရပါဘူး။ ဆီးချိုသမားတွေမှာလည်းဖြစ်တတ်တယ်ပေါ့လေ။ အကောင်းဆုံးကတော့ နံပါတ်တစ်ကတော့ အရေပြားဆရာဝန်ကိုအရင်ဆုံးပြပါ။ ပြပြီးတော့မှ စမ်းသပ်ချက်ကိုလုပ်ပါ။ လုပ်ပြီးတော့မှ ကျောက်ကပ်နဲ့ဆိုင်ရင်လည်းကျောက်ကပ်ဆရာဝန်နဲ့ ထပ်ပြဖို့ အကြံပေးပါရစေ။

မေး။   ။ တစ်ပတ်ကို ၃ ခါ ကျောက်ကပ်ပုံမှန် ဆေးနေရပါတယ်။ အသက်က ၆၃ ပါ။ ကျောက်ကပ်ဆေးတဲ့ ကောင်းကျိုးဆိုးကျိုးလေးနဲ့ အဆင်ပြေရင် ကျောက်ကပ်ဆေးတဲ့အကြောင်းလေးပါ ပြောပြပေးစေချင်ပါတယ် ။

ဖြေ။    ။ မှန်ပါတယ်ခင်ဗျာ။ နာတာရှည် ကျောက်ကပ်ပျက်တဲ့လူတွေကတော့ ကျောက်ကပ်ကအလုပ်မလုပ်တော့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ကကျောက်ကပ်ဆိုတာက ခန္ဒာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုသူကဆွဲထုတ်ပေးတာပဲ။ ဆွဲထုတ်ပေးတဲ့အခါကျတော့ ဒါကြောင့် ကျွန်တော်တို့ကကျောက်ကပ်တုသွေးသန့်စင်နည်းလို့ ခေါ်တာ။ တစ်နည်းအားဖြင့် ဒါကတော့ ကျောက်ကပ်အတုပဲ။ ကျောက်ကပ်အတုဆိုတာကပုံမှန်ကိုလုပ်ရမယ်။ မလုပ်လို့မရဘူး။ အဲဒါကြောင့် တစ်ပတ်ကိုသုံးကြိမ် တစ်ကြိမ်ကိုလေးနာရီလောက် လုပ်ဖို့ လိုအပ်ပါတယ်။ အကောင်းဆုံးကုသခြင်းကတော့ နောက်ဆုံးမှာနာတာရှည် ကုသတာကတော့ ကျောက်ကပ်အစားထိုးခြင်းကတော့ အကောင်းဆုံးပဲ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျောက်ကပ်အစားထိုးကုသရင် လူကောင်းတစ်ယောက်လိုပုံမှန် လုပ်ကိုင်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ကအကြံပေးချင်တာကတော့ ကျောက်ကပ် အစားထိုးဆောင်ရွက်ခြငး်ကအကောင်းဆုံးပါပဲလို့ ပြောချင်ပါတယ်။

မေး။   ။ ကျောက်ကပ်နဲ့ပတ်သက်တဲ့ အကြံပြုချင်တာများရှိရင် ပြောပေးပါဦး ။

ဖြေ။    ။ ပြောရမယ်ဆိုရင် ကလေးတွေဆိုရင်လည်းငယ်ငယ်လေးကတည်းကနေပြီးတော့ ဆီးသွားတာဘယ်လိုလဲဆီိးသွားတာကောင်းလားမကောင်းဘူးလားဆိုတာအမြဲတမ်း ကြည့်နေရမယ်။ နောက်တစ်ခုက ကျွန်တော်တို့ကအသက် ၄၅ နှစ် ကျော်လာလို့ရှိရင် ကျောက်ကပ်နဲ့ပတ်သက်ရင် ပုံမှန် ဓာတုစစ်ဆေးခြင်းတွေ လုပ်ရမယ်။ မိသားစုထဲမှာရှိတယ်ဆိုရင်လည်းပုံမှန် စစ်ဆေးဖို့ လုပ်ရမယ်။ ကိုယ်ကိုယ်တိုင်ရှိရင်လည်းသေသေချာချာကုရမယ်။ ဒါပေမယ့် သွေးတိုးရှိမယ်ဆိုရင် သွေးတိုးကိုသေသေချာချာကုဖိုလိုအပ်တယ်။ အသက်က ၆၀ ကျော်လာပြီဆိုရင် ဆီးကျိတ်ကရှိလာပြီ။ အဲဒီတော့ ဆီးကျိတ်ကို ကျွန်တော်တို့ကစစ်ရမယ်။ ဆီးကျိတ်ကင်ဆာကိုစစ်ရမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ကကျောက်ကပ်ကိုထိစေနိုင်မယ့် သောက်ဆေး၊ စားဆေးအထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ ရှောင်ဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

မေး။   ။ ဆီးသွားလို့ရှိရင် ခဏခဏအနံ့ကို ပြန်ပြန်ရနေတယ်တဲ့။ ကျန်းမာရေးအတွက် အန္တရာယ် ရှိနေလားဆိုတာသိချင်ပါတယ် ။

ဖြေ။    ။ အဲဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် တစ်ခါတစ်လေကျတော့လည်းကိုယ်စားတဲ့ အစားအသောက်ပေါ်ကိုမူတည်ပြီးတော့ အနံ့ကလည်းရှိတယ်။ တစ်ခါတစ်လေကျတော့လည်း   ရေသောက်တာနည်းပြီးဆီးသွားတဲ့အခါကျတော့ အနံ့ရတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ဒါကတော့ သိပ်ပြီးတော့ ပြဿနာမရှိဘူးလို့ ပြောလို့ရသော်ငြားလည်းဒါမျိုးဆိုရင်တော့ လိုအပ်တဲ့ စမ်းသပ်မှုမျိုးလုပ်သင့်တယ်လို့ အကြံပေးပါရစေ။

မေး။   ။ ဆီးနဲ့ ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့ ဆရာကြီးပေးချင်တဲ့ Message ကိုနောက်ဆုံးအနေနဲ့ ပေးပေးပါဦ။

ဖြေ။    ။ အခုလိုပြောရတာအများကြီးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်ရောဂါဆိုတာက ကျွန်တောခုနကပြောတဲ့အတိုင်းပေါ့ စောစောစီးစီးသိတာကအကောင်းဆုံးပဲ။ အဲဒီအတွက်ကြောင့်မို့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် မိမိမှာအသက် ၄၀ ကျော်လာလို့ရှိရင်တော့ ပုံမှန် ဓာတုစစ်ဆေးခြင်းတွေ လုပ်ပေးပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ မြန်မြန်သိနိုင်မယ့် စမ်းသပ်ချက်လေးတွေ ပိုက်ဆံလည်းသိပ်မကုန်ရဘူးလေအဲဒါမျိုးကိုအမြဲတမ်းလုပ်ပေးစေချင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ကကျောက်ကပ်ကိုထိစေနိုင်မယ့် အထူးသဖြင့် ဘာလဲဆိုရင် ကျွန်တော်တို့လူမျိုးတွေကနည်းနည်းနေမကောင်းလို့ရှိရင် နီးစပ်ရာဆေးဆိုင်လေးတွေမှာကိုုယ်ကြိုက်တဲ့ ဆေးတွေ ဝယ်ဝယ်သောက်တယ်။ အဲဒါ လုံးဝမလုပ်ပါနဲ့။ သူတို့ကအစုံထည့်ထားတော့ ဘာဆေးပါမှန်းလည်းကိုယ်ကမသိ။ ဘာတွေပါမှန်းလည်းမသိရဘူး။အဲဒါတွေကကျောက်ကပ်ကိုအများဆုံးထိစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးပါပါတယ်။ ပေးလိုက်ရင် သောက်လိုက်တော့ သက်သာသွားတာပါ။ အဒီလိုသက်သာသွားတာကကျောက်ကပ်ကိုထိသွားစေပါတယ်။ နောက်တစ်ချက်က ကျွန်တော်ပြောတဲ့အတိုင်းပေါ့ ဆီးချို သွေးတိုးရှိမယ်ဆိုရင် သေချာစွာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုသမှုခံယူဖို့လည်းအရေးကြီးပါတယ်။ နောက်တစ်ခုကနေထိုင်မှုပုံစံကိုလည်းပြောင်းရမယ်ပေါ့။ ကျန်းမာရေးကိုပုံမှန် ပိုက်ဆံမကုန်ဘဲနဲ့ လမ်းလျှောက်တာတစ်နေ့ ပုံမှန် ၄၅ မိနစ် နာရီဝက်လောက် ပုံမှန် လမ်းလျှောက်မယ်ဆိုရင် လမ်းလျှောက်ခြင်းဟာသွေးတိုးကိုလည်းသက်ရောက်တယ် ဆီးချိုကိုလည်းအတူတူပဲဒါကြောင့်မို့ ပုံမှန် နာရီဝက်လောက် အချိန်ယူပြီးတော့ လမ်းလျှောက်ပေးကြပါ။ အခုလိုမေးကြတဲ့ မဇ္ဈိမပရိသတ် အားလုံးကလည်းကျောက်ကပ်ရောဂါ ကင်းဝေးပြီးတော့ ဘဝသက်တမ်းစေ့ ပျော်ရွှင်ချမ်းမြေ့စွာနေနိုင်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်ခင်ဗျာ။   ။

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/34421

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၂)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34467

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၃)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34547

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly