စည်ပင်ကတ္ထရာဆေးကား လုပ်ငန်းခွင်တွင် အတိုက်ခံရ

စည်ပင်ကတ္ထရာဆေးကား လုပ်ငန်းခွင်တွင် အတိုက်ခံရ
ဓာတ်ပုံ - MFSD

 

ရန်ကုန်၊ နိုဝင်ဘာလ ၂၅ ။              ။ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရိပ်သာမှတ်တိုင်အနီးတွင် စည်ပင်ဌာနမှ ကတ္ထရာဆေးလိုင်းဆွဲနေသော ယာဉ်အား ကုက္ကိုင်းဘက်မှ မောင်းနှင်လာသော ယာဉ်တစ်စီးက နောက်မှ အရှိန်လွန်ကာ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကုက္ကိုင်းဘက်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်လာသော အာရာဖတ်အမျိုးအစားယာဉ်မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလမ်းတံတားဌာနမှ ကတ္တရာဆေးလိုင်း ဆွဲနေသောဖူဆို အမျိုးအစားယာဉ်ကို နောက်မှ အရှိန်လွန်ကာဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အာရာဖတ်ယာဉ်မှ ယာဉ်မောင်းမှာ ဘယ်ခြေထောက်ညှပ် ဒဏ်ရှုာရရှိခဲ့သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ် ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ နောက်က အရှိန်လွန်ပြီး ဝင်တိုက်တဲ့ကားပေါ်က ယာဉ်မောင်းကတော့ ခြေထောက်ညှပ်သွားတာပေါ့။ သူကို တော့ ရန်ကုန်ဆေးရုံကြီးကို နာရေးကူညီမှုအသင်းက ကူညီပို့ဆောင်ပေးထားပါတယ်။ တခြားထိခိုက် ဒဏ်ရ တာတော့ မရှိပါဘူး။ ခြေထောက်ထိသွားတဲ့သူကလည်း ဒဏ်ရာနည်းနည်းပဲ ရသွားတာပါ”ဟု သွားရောက်ကူညီ ပေးခဲ့သည့် တာမွေမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုအား တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၁ စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly