မူမမှန်သေဆုံးသည့် ဗိုလ်လောင်း၏ အလောင်းမှ ကိုယ်အင်္ဂါတစ်ချို့ ပျောက်ဆုံးနေခြင်းအတွက် ထိုင်းစစ်တပ် ဖိစီးမှု ရင်ဆိုင်နေရ

မူမမှန်သေဆုံးသည့် ဗိုလ်လောင်း၏ အလောင်းမှ ကိုယ်အင်္ဂါတစ်ချို့ ပျောက်ဆုံးနေခြင်းအတွက် ထိုင်းစစ်တပ် ဖိစီးမှု ရင်ဆိုင်နေရ

ဘန်ကောက်၊ နိုဝင်ဘာ ၂၄ ။          ။ ထိုင်းစစ်တပ်သည် ဆယ်ကျော်သက် စစ်ဗိုလ်လောင်းတစ်ဦး မူမမှန်စွာ သေဆုံးခြင်းကြောင့် ဖြေရှင်းချက်ပေးရန်အတွက် နိုဝင်ဘာ ၂၄ ရက်တွင် ဖိစီးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ ဗိုလ်လောင်း၏ ရုပ်အလောင်းတွင် ကိုယ်အင်္ဂါအချို့ ပျောက်ဆုံးနေခြင်းကို မိဘဖြစ်သူများ သိရှိသွားရာမှ နိုင်ငံက ယင်းကိစ္စရပ်အပေါ် အာရုံစိုက်နေလျက်ရှိသည်။

စစ်တက္ကသိုလ် ပထမနှစ်ဗိုလ်လောင်း ပါကာပွန်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘန်ကောက်အပြင်ဖက် ဗိုလ်လောင်းသင်တန်ကျောင်းတွင် နှလုံးဖောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ မိသားစုများက ၎င်းတို့၏ သား သေဆုံးခြင်းအတွက် မယုံသင်္ကာဖြစ်ကာ အလောင်းကို ဒုတိယအကြိမ် ရင်ခွဲစစ်ဆေးခိုင်းရာမှ ပါကာပွန်တွင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် အစာအိမ်များ ရှိမနေကြောင်း တွေ့ရှိခြင်း ဖြစ်သည်။

ထိုတုန်လှုပ်ဖွယ်ဖြစ်ရပ်သည် ထိုင်းပြည်သူများကြား စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေပြီး ဗိုလ်သင်တန်းကျောင်းတွင် နှိပ်စက်ရိုက်နှက်မှုများနှင့် အခြားအလွဲသုံးစားမှုများ ကျူးလွန်ခံရရာမှ လက်လွန်ကာ သေဆုံးခြင်းဖြစ်မည်ဟု စွပ်စွဲမှုများ ပေါ်ထွက်နေခဲ့ခြင်းဖြစ်သည်။

ပါကာပွန် သေဆုံးမှုတွင် မရိုးမဖြောင့် လုပ်ဆောင်ခြင်း မရှိကြောင်း စစ်တပ်က ဆက်လက်ငြင်းဆန်ထားဆဲဖြစ်ကာ ဆရာဝန်များက နောက်ထပ်စစ်ဆေးမှုများအတွက် ၎င်း၏ ကိုယ်အင်္ဂါများကို ဖယ်ရှားထားခြင်းဖြစ်ပြီး မိသားစုထံ အကြောင်းကြားရန်အတွက်လည်း မလိုအပ်ခြင်းကြောင့် ဖြစ်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags