တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်ခရီးစဉ် အောင်မြင်ကြောင်း ရှီကျင့်ဖျင် ပြော

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်ခရီးစဉ် အောင်မြင်ကြောင်း ရှီကျင့်ဖျင် ပြော

မြန်မာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည် ခရီးစဉ်သည် အောင်မြင်မှုရှိကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။

ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက်ခံတွေ့ဆုံစဉ် ရှီကျင့်ဖျင်က ယင်းသို့ မှတ်ချက်ချ ပြောဆိုခြင်း ဖြစ်သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် နက်ရှိုင်းသည့် အမြင်သဘောထားခြင်း ဖလှယ်မှုရှိကာ အရေးကိစ္စများစွာတွင် ဆန္ဒသဘောထား တူညီမှုသို့ တက်လှမ်းရောက်ရှိပြီဖြစ်ကြောင်း ၎င်းတို့နှစ်ဦး၏ ပြောဆိုဆွေးနွေးမှုအစတွင် ရှီကျင့်ဖျင်က အဖွင့်မှတ်ချက်စကားအဖြစ် ပြောဆိုသည်။

နိုဝင်ဘာ ၂၃ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပေကျင်း၌ တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ဗဟိုစစ်ကော်မရှင် စစ်ဦးစီးချုပ်အဖွဲ့၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng နှင့်လည်း တွေ့ဆုံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly