Victoria's Secret Fashion Show 2017 ပွဲသို့ တက်ရောက်ခွင့် ရရှိခဲ့သည့် သရုပ်ဆောင် ပိုင်တံခွန်

Victoria's Secret Fashion Show 2017 ပွဲသို့ တက်ရောက်ခွင့် ရရှိခဲ့သည့် သရုပ်ဆောင် ပိုင်တံခွန်

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ။         ။ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် သည် နိုဝင်ဘာ ၂၀ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အသိအမှတ်ပြု ဖက်ရှင်ပွဲ တစ်ခု ဖြစ်သည့် Victoria's Secret Fashion Show 2017 ပွဲသို့ OPPO Myanmar ကိုယ်စားပြု တက်ရောက်ခဲ့သည်။

ထို Victoria's Secret Fashion Show 2017 ပွဲတွင် တကမ္ဘာလုံးတွင် လူငယ်များ ကြိုက်နှစ်သက်သည့် ကင်မရာဖုန်း အမှတ်တံဆိပ် ဖြစ်သည့် OPPO ကုမ္ပဏီလည်း ပါ၀င်ခဲ့ကာ OPPO ရဲ့ Customer Relations Ambassador တစ်ဦးဖြစ်သည့် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန် မှ OPPO Myanmar ကိုယ်စားပြု အဖြစ် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ဖက်ရှင် နှင့် နည်းပညာ အကြား ပေါင်းစည်းမှုအဖြစ် OPPO က Victoria’s Secret Fashion Show 2017 ၏ တရားဝင် စမတ်ဖုန်း ဆပွန်ဆာ အဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး Selfie ဘုရင်ဆိုသည့် ဂုဏ်ပုဒ် နှင့်အညီ OPPO အနေဖြင့် အကောင်းဆုံး Selfie ပုံများကို ရိုက်ကူးပေးရုံမျှမက  လက်ရာမြောက် လှပသည့်  ထုတ်ကုန်များကိုပါ ကူညီပံ့ပိုး ပေးခဲ့သည်။

Victoria’s Secret Fashion Show 2017 ပွဲတွင် အနုပညာ ကြယ်ပွင့်များစွာ ပါဝင်တက်ရောက် ခဲ့ကြပြီး နိုင်ငံတကာ ကြယ်ပွင့်အနုပညာရှင်များနှင့် စူပါမော်ဒယ်များမှ လီလီအယ်လ်ဒရစ် (Lily Aldridge) ၊ ကာလီကလော့စ် (Karlie Kloss) ၊ ဂီတကြယ်ပွင့် အနုပညာရှင်များထဲမှ ဟာရီစတိုင်းလ်စ် (Harry Styles)၊ မီးဂွဲလ် (Miguel) တို့ ပါဝင်ခဲ့ကြသည်။

ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံမှ အနုပညာရှင် ပိုင်တံခွန် သည် Victoria’s Secret Fashion Show 2017 ပွဲသို့ ဖိတ်ကြားခံခဲ့ရပြီး မြန်မာနိုင်ငံ၏ ဖက်ရှင်နှင့် စတိုင်ကို သေသပ်ကိုယ်စားပြု နိုင်ခဲ့ပြီး နာမည်ကျော် ပုဂ္ဂိုလ်များနှင့် လည်း တွေ့ဆုံခွင့် ရရှိခဲ့သည်။

သရုပ်ဆောင် ပိုင်တံခွန် အနေဖြင့် Victoria’s Secret Fashion Show 2017 ပွဲ တက်ရောက်ခွင့် ရရှိသည့် အတွက် အမှတ်တရ များစွာ ရရှိခဲ့သလို တက်ရောက်ခဲ့သမျှ ပွဲတွေတွင် အလှပဆုံး နှင့် အခမ်းနားဆုံး ပွဲ ဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ် စာမျက်နှာ၌ ပရိသတ်များကို ပြောပြထားသည်။

Victoria’s Secret Fashion Show 2017 သို့ တက်ရောက် ခဲ့သည့် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် သည် လက်ရှိတွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိ နေပြီ ဖြစ်ပြီး အနုပညာ လှုပ်ရှားမှု အဖြစ် ကြော်ငြာများ လက်ခံ ရိုက်ကူးလျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly