SM Entertainment နှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် Sulli

SM Entertainment နှင့် စာချုပ်သက်တမ်းတိုးခဲ့သည့် Sulli

 

တောင်ကိုရီးယားမှ နာမည်ကျော်အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သည့် Sulli သည် သူမ၏အေဂျင်စီဖြစ်သော SM Entertainment နှင့်အတူလက်တွဲ၍ အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်သွားရန် စာချုပ်သက်တမ်း တိုးခဲ့သည်။

လွန်ခဲ့သော ၈ နှစ်ကတည်းက SM Entertainment နှင့်အတူ လက်တွဲ၍ အနုပညာလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည့် Sulli သည် နို၀င်ဘာလ ၂၄ ရက်နေ့တွင် ထိုအေဂျင်စီနှင့်အတူ စာချုပ်သက်တမ်းတိုးလိုက်ပြီဟု သတင်းများက ဖော်ပြခဲ့ကြသည်။

ထိုသတင်းများအားအတည်ပြုပေးရန် SM Entertainment အားမေးမြန်းခဲ့ရာတွင် အေဂျင်စီက ၄င်းတို့သည် Sulli နှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီဟု ပြန်လည်ဖြေကြားခဲ့သည်။

Sulli သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်ကစတင်၍ အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ f(x) နှင့်အတူ ဂီတလောကသို့ စတင်ဝင်ရောက်လာခဲ့သည်။ ထို့နောက်သူမသည် သရုပ်ဆောင်ကဏ္ဍကို   ဇောက်ချ၍လုပ်ကိုင်ချင်သောကြောင့် လွန်ခဲ့သော ၂၀၁၅ ခုနှစ် သြဂုတ်လက ထိုအဖွဲ့မှနှုတ်ထွက်ခဲ့သည်။

ထို့နောက်တွင် သူမသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဇွန်လက စတင်ရိုက်ကူးခဲ့သည့် အက်ရှင်ဇာတ်ကား Real ၌ မင်းသား Kim Soo Hyun နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လ၌ စတင်ပြသခဲ့သည့် ထိုရုပ်ရှင်၌ အဖော်အချွတ်ဇာတ်ဝင်ခန်းများပါ၀င်ပြီး ဝေဖန်မှုများနှင့်ကြံုတွေ့ခဲ့ရသည့် Sulli သည် လက်ရှိတွင် အခြားရုပ်ရှင်များကို ဆက်လက်ရိုက်ကူးသွားရန် ရွေးချယ်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags