ပြိုင်ပွဲဝင်ပေါင်း ၅၀၀ ကျော်ဝင်ပြိုင်မယ့် နှစ် ၄၀ ပြည့် Dakar Rally ပြိုင်ပွဲ

ပြိုင်ပွဲဝင်ပေါင်း ၅၀၀ ကျော်ဝင်ပြိုင်မယ့် နှစ် ၄၀ ပြည့် Dakar Rally ပြိုင်ပွဲ

Dakar Rally ပြိုင်ပွဲဆိုတာက အခြားကားမောင်းပြိုင်ပွဲ၊ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေနဲ့ အတူညီတဲ့ ခက်ခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် Dakar Rally ပြိုင်ပွဲဟာ နှစ် ၄၀ ပြည့်ကျင်းပမယ့် အထူးပြိုင်ပွဲတစ်ခုပါ။

ဒီနှစ်ပြိုင်ပွဲလမ်းကြောင်းက ပီရူးနိုင်ငံကနေ စတင်မှာဖြစ်ပြီး ဘိုလီးဗီးယားနိုင်ငံကို ဖြတ်လို့ အာဂျင်တီးနားနိုင်ငံမှာ ပန်းဝင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ပေါင်း ၅၂၅ ဦးဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီနှစ် ပြိုင်ပွဲလမ်းကြောင်းက ခရီးမိုင်ပေါင်း ၅၄၀၅ မိုင်ရှည်လျားပါတယ်။ ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပီရူးနိုင်ငံ လီမာမြို့က စတင်မှာဖြစ်ပြီး နှစ်ပတ်အကြာမှာ အာဂျင်တီးနားနိုင်ငံ ကော်ဒိုဘာမြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ ဒီပြိုင်ပွဲမှာ ကားမောင်းပြိုင်ပွဲ၊ မော်တော်ဆိုင်ကယ်ပြိုင်ပွဲ၊ ကုန်တင်ကားမောင်းပြိုင်ပွဲ၊ လေးဘီးဆိုင်ကယ်ပြိုင်ပွဲနဲ့ UTV လို့ခေါ်တဲ့ ကားမောင်းပြိုင်ပွဲတွေ ပါ၀င်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေက တကယ်ကို ခက်ခဲကြမ်းတမ်းပြီး ပင်ပန်းလှပါတယ်။

ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတုန်းကတော့ ပြင်သစ်ကားမောင်းသမား ပီတာဟန်ဆယ်နဲ့ ပေါလ်တို့အတွဲက ကားမောင်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဆမ်ဆန်းဒါးလန်းက မော်တော်ဆိုင်ကယ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ထရပ်ကားမောင်းပြိုင်ပွဲမှာတော့ ရုရှကားမောင်းသမား နီကိုလပ်ဗ်နဲ့အဖွဲ့က အနိုင်ရခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly