ရန်ဖြစ်သည့် YBS ယာဉ်မောင်း ၂ ဦးကိုအရေးယူ ၊ တစ်ဦးကို ရာသက်ပန်ထုတ်ပယ်

ရန်ဖြစ်သည့် YBS ယာဉ်မောင်း ၂ ဦးကိုအရေးယူ ၊ တစ်ဦးကို ရာသက်ပန်ထုတ်ပယ်

ရန်ကုန် နိုဝင်ဘာ ၂၄ ။            ။ YBS 36 လိုင်းမှ ယာဉ် ၂ စီး ယှဉ်မောင်းကြရင်း၊ ကားရပ်၍ ရန်ဖြစ်ခဲ့ကြသည့်ဖြစ်စဉ်အတွက် ယာဉ်မောင်း ၂ ဦးလုံးကို ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊  သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA က အရေးယူခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၁ နာရီ ဝန်းကျင် က ရန်ကုန်၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့တွင် YBS ယာဉ်မောင်း ၂ ဦး ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး အဆိုပါကိစ္စကို အရေးယူခဲ့ပြီးဖြစ်ကြောင်း Yangon Bus Service page တွင် ယနေ့ နံနက်ပိုင်းက ဖော်ပြခဲ့သည်။

ယာဉ်မောင်းအချင်းချင်းစကားများရန်ဖြစ်ရာမှ တုတ်လက်နက်ကိုင်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သော ယာဉ်မောင်းကို တာဝန်မှ ရာသက် ပန်ထုတ်ပယ်လိုက်ကာ ၊ လက်နက် မပါသော ယာဉ်မောင်းနောက်တစ်ဦး အား တာဝန်မှ ၃ လ ယာယီရပ်ဆိုင်း အရေးယူခဲ့ ကြောင်း ယင်းအင်တာနက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

ထို့ပြင် ရာသက်ပန်ထုတ်ပယ်ခံထားရသော ယာဉ် မောင်းအား အခြားယာဉ်လိုင်းတွင်လည်း မောင်း နှင်ခွင့် မရှိသည့်အပြင် လက်ခံသောယာဉ်လိုင်းကို လည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly