အက်ဆစ်တင်လာသောကားမှောက်ရာမှ လူ၂ ဦး ဒဏ်ရာရ

အက်ဆစ်တင်လာသောကားမှောက်ရာမှ လူ၂ ဦး ဒဏ်ရာရ
ဓာတ်ပုံ-သက်အောင်

ဖြူး နိုဝင်ဘာ ၂၃  ။          ။ ဇေယျဝတီ၌ အက်ဆစ်များတင်ဆောင်လာသော ကားပေါ်မှ အက်ဆစ်ပုံးများပြုတ်ကျ ဖိတ်စင်သဖြင့် လူ နှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့၌ နိုဝင်ဘာလ ၂၃ ရက် ညနေ ၃ နာရီကျော် အချိန် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း သွင်ထူး ဆီဆိုင်အနီး ရန်ကုန်ဘက်မှ- ကြေးစင်တောင်/
စံပယ်တောင်သို့ ယာဉ်မောင်း အောင်ဇော်(၃၉)နှစ် မောင်းနှင်သော ၁၈ ဘီးကားအဖြူရောင် ပေါ်မှ SULPHURIC ACID 98% အလျား ၄ ပေ အနံ ၃ပေရှိ ကော်ပုံးအဖြူ ၁၉ ပုံးအနက် ၉ ပုံး ကားလမ်းအရှေ့ဘက်သို့ ပြုတ်ကျ၍ ပုံးများကွဲပေါက်ကာ အက်စစ်များယိုဖိတ်စင်ခဲ့သည်။

ယင်းကားနောက်မှ ဆိုင်ကယ်စီးလာသော ဟိန္ဒူ ဇနီးမောင်နှံ ၂ ဦးကို ဆာလဖျူရစ်အက်စစ်များ ဖိတ်စင်ထိမှန်ခဲ့သဖြင့် ဇေယျဝတီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာ ထိုမှတဆင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်း ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သူအား ဇေယျဝတီ နယ်မြေရဲစခန်း (ပ)၂၄၈/၂၀၁၇ ဥပဒေပုဒ်မ ၃၃၈/၂၈၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly