အိုင်အက်စ်အကြွင်းအကျန်များကို တိုက်ထုတ်ရေး အီရတ်တပ်များ အနောက်ကန္တာရတစ်လျှောက် ထိုးစစ်ဆင်

အိုင်အက်စ်အကြွင်းအကျန်များကို တိုက်ထုတ်ရေး အီရတ်တပ်များ အနောက်ကန္တာရတစ်လျှောက် ထိုးစစ်ဆင်

 

ဘဂ္ဂဒက်၊ နိုဝင်ဘာ ၂၄ ။           ။ ကျန်ရှိနေသေးဆဲ အိုင်အက်စ်တိုက်ခိုက်ရေးသမား အကြွင်းအကျန်များကို တိုက်ထုတ်ရေးအတွက် အီရတ်တပ်ဖွဲ့များက နိုဝင်ဘာ ၂၃ တွင် အနောက်ကန္တာရတစ်လျှောက် ထိုးစစ်ဆင်လျက်ရှိသည်။

နိုင်ငံအတွင်းက ဂျီဟတ်နောက်ဆုံး ခံစစ်ပဲဖြစ်သည်ဟု အီရတ်ဝန်ကြီးချုပ်က အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်ကာ ပြောသည်။

အီရတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူစစ်များက တောင်ကြားများနှင့် မြို့ပြဧရိယာများ အနှ့ံ အိုင်အက်စ်များအပေါ် တိုက်ထုတ်နိုင်ခဲ့ခြင်းကြောင့် တီဂရစ်နှင့် အူဖာရတ်မြစ်များကြား လူနေကျဲပါးသော ယင်းကန္တာရရပ်ဝန်းသည် အီရတ်နိုင်ငံအတွင်း နောက်ဆုံးသော အိုင်အက်စ် ခိုအောင်းရာ အရပ်ပဲ ဖြစ်သည်။

“အီရတ်စစ်တပ်ရယ်၊ ဗဟိုရဲအဖွဲ့နဲ့ ပြည်သူ့စစ် Hashed al-Shaabi တပ်တွေက နိုဝင်ဘာ ၂၃ မနက်မှာ စစ်ဆင်ရေး စတာပါ။ အယ်ဂျာဇီးယား ဒေသကို နယ်မြေရှင်းလင်းရေး ဆင်နွှဲကြတာဖြစ်ပါတယ်။”ဟု ပူးပေါင်းစစ်ဆေးရေးကွပ်ကွဲမှု အကြီးအကဲ ဗိုလ်ချုပ်ကြီး Yarallah က ထုတ်ပြန်ချက်တွင် ပြောသည်။

အိုင်အက်စ်တို့၏ နောက်ဆုံးခြေကုပ်ယူထားသော မြို့များဖြစ်သည့် အူဖာရတ်တောင်ကြားမှ ဆီးရီးယားနယ်စပ်အထိ ကြားက ဧရိယာများကို အီရတ်တပ်ဖွဲ့ဝင်များ ယခုလအစောပိုင်းက   ပြန်လည်သိမ်းယူနိုင်ပြီးနောက် အယ်ဂျာဇီးယားဒေသသို့ အိုင်အက်စ်များက ခိုအောင်းလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က အီရတ်တပ်ဖွဲ့များ ရာဝါမြို့အား သိမ်းလိုက်နိုင်ကာ နယ်စပ်ရှိ ဆီးရီးယားတပ်ဖွဲ့များနှင့် တွေ့ဆုံနိုင်ခဲ့ပြီးနောက်တွင် အိုင်အက်စ်တို့က အယ်ဂျာဇီးယားဒေသဖက်သို့   ပြေးဝင်လာခဲ့ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly