အင်းဝအပ်ချုပ်ဆိုင်အမှု နှစ်ဘက်လျှောက်လဲချက် မကြားနာနိုင်သေး

အင်းဝအပ်ချုပ်ဆိုင်အမှု နှစ်ဘက်လျှောက်လဲချက် မကြားနာနိုင်သေး

အိမ်အကူမိန်းကလေးငယ်နှစ်ဦး နှိပ်စက်ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်အမှုအား ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ တွင် နှစ်ဖက်လျှောက်လဲချက်များအား အပြီးသတ်ကြားနာရမည်ဖြစ်သော်လည်း စွပ်စွဲခံရသူဘက်မှ လျှောက်လဲချက်စာကို ထောင် မှူးက စိစစ်နေဆဲဖြစ်သဖြင့် တရားသူကြီးက ထပ်မံရုံးချိန်း ချိန်းဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အင်းဝအပ်ချုပ်အမှုနှင့် ပတ်သက်ပြီး နှစ်ဖက်လျှောက်လဲချက်များ အပြီးသတ်ကြားနာမည်ဖြစ်သော်လည်း စွပ်စွဲခံရသူ တင်မင်းလတ်အပါအဝင် ဦးကို လတ်၊ ဒေါ်တင်သူဇာတို့ သုံးဦးမှာ လျှောက်လဲချက်ပြည့်စုံခြင်းမရှိသေးသည့်အတွက် ခရိုင်တရားသူကြီးက လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။

 “နှစ်ဦးနှစ်ဖက်လျှောက်လဲချက်ကြားနာဖို့ဆိုတာ အားလုံးမပြည့်စုံဘဲနဲ့ ကြားနာလို့ မရပါဘူး။ ပြည့်စုံမှ နှစ်ဦး နှစ်ဖက် ကြားနာရတာပါ။ နောက်တစ်ပတ် ရုံးချိန်းမှာ ပြီးဆုံးအောင်လျှောက်လဲချက်တင်ဖို့အတွက် ဒီဇင်ဘာ ၁ ရက်ကို ရုံးချိန်းပေးလိုက်တယ်”ဟု အနောက်ပိုင်းခရိုင်တရားသူကြီးက တရားခွင်တွင် ပြောသည်။

ခရိုင်တရားရုံးမှ ထပ်မံချိန်းဆိုလိုက်သည့်  ဒီဇင်ဘာ ၁ ရက်နေ့တွင်  နှစ်ဖက်လျှောက်လဲချက်များ အပြီး သတ်ကြားနာပြီးပါက နောက်တစ်ပတ်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တင်မင်းလတ်အပါအဝင် ဦးကိုလတ်နှင့် ဒေါ်တင်သူဇာတို့အနေဖြင့် လျှောက်လဲချက်တင်ရန် မပြည့်စုံသေးခြင်းမှာ လျှောက်လဲချက်စာတွင် ထောင်မှူးက လက်မှတ်ထိုးပေးခြင်း မရှိသေးခြင်းကြောင်း ဖြစ် သည်ဟု စွပ်စွဲခံရသူ တင်မင်းလတ်က မီဒီယာများကို ပြောသည်။

“ ကျွန်တော်အပါအဝင် ကျွန်တော့ အဖေနဲ့ အမေအတွက် လိုက်ပြီး ဆောင်ရွက်ပေးမယ့် ရှေ့နေက မရှိတော့ ဘူး။ ကျွန်တော်တို့က ပိုက်ဆံမပေးနိုင်တော့လို့…။ ဒါကြောင့် လျှောက်လဲချက်ကို ကျွန်တေ်ာကိုယ်တိုင် သုံး ယောက်စာ ရေးရပါတယ်။ လျှောက်လဲချက်ရေးတာက ၁၈ ရက်ကတည်းက ရေးပြီးပါပြီ။ ထောင်မှူးဆီ တင် လည်း တင်ပြပြီးပါပြီ။ ထောင်မှူး လက်မှတ်ထိုးပေးဖို့ပဲကျန်တော့တာပါ။ ထောင်မှူးက လက်မှတ်ထိုးဖို့အတွက် တစ်ပတ်အချိန်ယူဖို့ ပြောလိုက်တယ်။ လက်မှတ်ထိုးဖို့ ကြာနေတာက စာရွက်၊ စာတမ်းတွေများနေတဲ့အတွက် ဖတ်လို့မပြီးသေးဘူးလို့ သိရတယ်”ဟု စွပ်စွဲခံရသူ တင်မင်းလတ်က ပြောသည်။

စွပ်စွဲခံရသူ ရာဇာထွန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ၄င်း အနေဖြင့် လျှောက်လဲချက်တင်ရန်အဆင့်သင့်ဖြစ်ပြီးဖြစ်ကြောင်း၊ တင်ခွင့်ရလျှင် လျှောက်လဲချက် တင်သွား မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ခရိုင်တရားသူကြီးက ပယ်ချခဲ့သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို အိမ် အကူမိန်းကလေးငယ်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုဖြင့် ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တား ဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ် ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက် တင် ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄၊ ၃၄၄/ ၁၁၄ တိုဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ကာ အနောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒေါ်တင်သူဇာပါ မိသားစုဝင် ၆ ဦးမှာ အိမ်အကူမိန်းကလေးငယ် နှစ်ဦးဖြစ်သည့် မစန်းကေခိုင်နှင့် မသဇင်တို့အား လွန်ခဲ့သည့် ၅ နှစ်ခန့်မှစပြီး အိမ်အကူဖြင့်ခိုင်းစေခဲ့ရာ တစ်လတစ်သောင်းနှုန်း ဖြင့် လစာ ၈ လစာသာပေးခြင်း၊ မိဘများနှင့် တွေ့ဆုံခွင့်မပေးဘဲ ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန်ဒဏ် ရာ ရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း၊ ဓားဖြင့်ခုတ်ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ လက်များအား လှန်ချိုးခြင်း၊ တံမြက်စည်းဖြင့် ရိုက်ခြင်း များ  ပြုလုပ်ခဲ့သည်ဟုဆိုကာ ခရိုင်တရားသူကြီးက ယင်း အမှုများကို စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly