ဆော်ဒီတိုက်ခိုက်မှုကြောင့် ယီမင်တွင် သေဆုံးရသည့် ကလေးငယ်ပေါင်း ၄၀၀ ဝန်းကျင်ရှိ

ဆော်ဒီတိုက်ခိုက်မှုကြောင့် ယီမင်တွင် သေဆုံးရသည့် ကလေးငယ်ပေါင်း ၄၀၀ ဝန်းကျင်ရှိ

ဆော်ဒီအာရေဗျက ယီမင်နိုင်ငံတွင်း မတ်လကစတင်ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် ကလေးငယ် သေဆုံးမှုပေါင်းမှာ အနည်းဆုံး ၄၀၀ ဝန်းကျင်ရှိကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICIF ကပြောသည်။

"ခြိမ်းခြောက်မှုများအောက်က ယီမင်ကလေးငယ်များ"ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ယူနီဆက်အစီရင်ခံစာတွင် မတ် ၂၆ ရက်မှစတင်ကာ ဆော်ဒီအာရေဗျ၏ ထိုးစစ်ဆင်တိုက်ခိုက်မှု များကြောင့်သေဆုံး ခဲ့သည့် ကလေးငယ်ပေါင်းမှာ ၃၉၈ ဦးရှိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သူကလေးပေါင်း ၆၀၀ နီးပါးအထိရှိကြောင်း ဖော်ပြထားသည်။

"၂၀၁၅ မတ်လ ၂၆ ရက်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကလေးငယ်သေဆုံးမှုနှုန်းမှာ တစ်နေ့လျှင် သုံးဦးနှုန်းရှိကာ ဒဏ်ရာရနှုန်းက ငါးဦးရှိကြောင်း" အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါအစီရင်ခံစာတွင် "ယီမင်နိုင်ငံကာ ကလေးငယ်တစ်ဦးအတွက်ဆိုပါက ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးနေရာအရပ်တစ်ခု"ဖြစ်နေကြောင်း၊ ကလေးငယ် ဆယ်သန်းနီးပါးမက လူသားချင်းစာနာထောက် ထားရေးအကူအညီများ လိုအပ်နေကြောင်း ဖော်ပြသည်။

"ယင်းအပြင် ယီမင်နိုင်ငံတွင် ယခုနှစ်တစ်နှစ်တည်း အာဟာရချို့တဲ့မှုဝေဒနာများခံစားနေရသည့် ကလေးငယ်ပေါင်းမှာ ၁ ဒသမ ၈သန်းဝန်းကျင်ရှိကြောင်း"လည်း အဆိုပါအစီရင်ခံစာ တွင်ဖော်ပြထားသည်။

ဆော်ဒီ၏ လေကြောင်းထိုးစစ်များကြောင့် လုံးလုံးပျက်စီးသွားခဲ့ရသည့် စာသင်ကျောင်းပေါင်းမှာ ၉၅ ကျောင်းရှိပြီး ကျောင်းပေါင်း ၃၀၅ ကျောင်း ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly