မိနစ်ပိုင်းအတွင်း ရှိုးပွဲလက်မှတ်များအားလုံးရောင်းချနိုင်ခဲ့သည့် Super Junior

မိနစ်ပိုင်းအတွင်း ရှိုးပွဲလက်မှတ်များအားလုံးရောင်းချနိုင်ခဲ့သည့် Super Junior

 

တောင်ကိုရီးယားအမျိုးသားဂီတအဖွဲ့ Super Junior ၏ ရှိုးပွဲလက်မှတ်များအားလုံး လျင်မြန်စွာရောင်းကုန်သွား ခဲ့သောကြောင့် နောက်ထပ်ရှိုးပွဲအသစ်တစ်ခုကို ထပ်မံပြုလုပ်သွားရန် စီစဉ်ခဲ့သည်။

Super Show 7 ဟူသောခေါင်းစဉ်ဖြင့်ကျင်းပမည့် Super Junior အဖွဲ့၏ ရှိုးပွဲလက်မှတ်များကို နို၀င်ဘာလ ၂၁ ရက်နေ့က ရောင်းချခဲ့သည်။ လာမည့်ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တွင် ပြုလုပ်သွားမည့် ထိုရှိုးပွဲများ ၏ လက်မှတ်များအားလုံးမှာ ၉ မိနစ်အတွင်း လျင်မြန်စွာ ရောင်းကုန်သွားခဲ့သည်။

ထို့ကြောင့် အဖွဲ့အနေဖြင့် နောက်ထပ်ရှိုးပွဲအသစ်တစ်ခုကို တစ်ရက်တိုး၍ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပြီး ထိုရှိုးပွဲကို လာမည့်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်ကာ Super Junior အဖွဲ့သည် Super Show ခေါင်းစဉ်ဖြင့် နေရာဒေသ ၂၀ ခန့်၌ ရှိုးပွဲပေါင်း အကြိမ် ၁၂၀ခန့်ပြုလုပ်ခဲ့ပြီး ခန့်မှန်းချေ ပရိသတ်ပေါင်း ၁.၈ သန်းလာရောက်ခဲ့ ကြောင်း သိရသည်။

Super Show 7 ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆိုးလ်မြို့ရှိ Jamsil Arena ၌ ကျင်းပသွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly