ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၃)

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၃)

 

မေး။   ။ ကျောက်ကပ်လဲပြီးသား ပြန်ရောင်နေပါတယ် ။ ဆီးထဲမှာ အနှစ်တွေလည်း များနေလို့ ဖြေပေးပါဦး ။

ဖြေ။    ။ ကျောက်ကပ်လဲပြီးသားလူတွေဟာ ဆီးထဲမှာ အနယ်ပါတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ နှစ်ချက်ဖြစ်နိုင်ပါတယ်။ တစ်အချက်ကတော့ သူ့ရဲ့ မူလ ရောဂါကနေပြီးတော့   ပြန်ဖြစ်တာလား၊ ဒါမှမဟုတ်ရင် ကျောက်ကပ် ပြန်ပြီးတော့ လက်မခံတာလားဆိုတာ ဖြစ်နိုင်ပါ တယ်။ ဒါမှမဟုတ် ဖြစ်နိုင်လို့ရှိရင် ဒါကို သေသေချာချာ ဓာတ်ခွဲစမ်းသပ်မှု လုပ်ပြီးတော့ ကုသဖို့ လိုအပ်ပါ တယ် ။

မေး။   ။ ဆီးများများ သွားတယ်ဆိုရင် ကျောက်ကပ်ရောဂါကို ကာကွယ်ပေးတယ်ဆိုတာရော မှန်သလား ။

ဖြေ။    ။ ဒါကတော့ ကျွန်တော်အမြင် ပြောရမယ်ဆိုရင် သိပ်ပြီးတော့ မှန်မယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေကျတော့လဲ ဘာခေါ်လဲ ဆိုလို့ရှိရင်တော့ ဆီးက အများကြီး သွားတဲ့ ရောဂါလည်း ရှိတယ်။ ဆီးမသွားတဲ့ရောဂါလည်း ရှိတယ်။ အဲဒီတော့ ဆီးသွားတိုင်းလည်း မကောင်းဘူး ဆီးမသွားတာလည်း မကောင်းဘူး။ ပုံမှန်သွားတဲ့ ဆီးကတော့ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေကျတော့လည်း ရေကို သောက်ကြတယ် ဆီးးသွားချင်လို့ သောက်ကြတယ်။ နော်မယ်ဆိုတော့ ဆီးက ခန္ဓာကိုယ်ရဲ့ လုပ်အားအရ ပိုရင် သူထွက်မှာပေါ့။ ဆီးချိုဖြစ်လာပြီဆိုရင်လည်း ဆီးက ခဏခဏ သွားပြန်ရော။ အဲဒီတော့ နည်းနည်းလေး အဲဒါက ခက်ပါတယ်။ ကျွန်တော်ကတော့ ဒီဟာမျိုးကို လက်ခံဖို့ သိပ်မရှိပါဘူး။

မေး ။  ။ ရောဂါမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်သင့်သလဲဆိုတဲ့ နည်းလမ်းလေးကို ကျွန်တော်တို့ မြန်မာပြည်သူ ပရိသတ် နားလည်လွယ်အောင် ဖြေကြားပေးပါဦး။

ဖြေ။    ။ ကျောက်ကပ်ရောဂါမဖြစ်အောင် နံပါတ်တစ်ကတော့ အကိုက်အခဲပျောက်ဆေးလိုပေါ့ ဆရာဝန်ညွှန်ကြားချက် မရဘဲနဲ့ မသောက်ဖို့ပေါ့။ အဓိကကတော့ ဘာခေါ်မလဲဆိုတော့ ကျောက်ကပ် ကို ထိစေမယ့် ဆေးတွေ ရှောင်ဖို့ပေါ့။ နောက်တစ်ချက်က မိမိရဲ့ မိသားစုထဲမှာ ကျောက်ကပ်ရောဂါ ဖြစ်ခဲ့တယ်ဆိုတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် ဒါကို ကျွန်တော်တို့က ဂရုစိုက်ရမယ်။ အဲဒီအတိုင်းပဲ မိမိကိုယ် တိုင် ဆီးချိုရှိတယ် ဂရုစိုက်ရမယ်။ မိမိကိုယ်တိုင် သွေးတိုးရောဂါရှိတယ်ဆို ဂရုစိုက်ရမယ်။ အဲဒါတင်မကဘူး မိမိရဲ့မိသားစု ဥပမာ အဖေ အမေ မိမိရဲ့ မိသားစုမှာ သွေးတိုးရှိလို့ရှိရင် ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆို အထူးသဖြင့် ဒါမျိုးဆိုတာက ကျွန်တော်တို့ ကျေးလက်ကလူတွေက နားလည်ထားဖို့လိုတယ်။ နောက်ပိုင်းက ဝလာရင်တောင်မှ ဂရုစိုက်ရတော့ မယ်။ နောက်တစ်ခုက ကျွန်တော်တို့က နေထိုင်မှုပုံစုံကို ပြောင်းရမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ က ဘာလုပ်ရမလဲဆိုရင် အဆီတွေ သိပ်မစားရဘူး။ ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ အဲဒီလိုမျိုး ပုံမှန်လုပ်မယ် ညီညွတ်မျှတတဲ့ အစားအသောက်တွေ စားမယ်ဆိုရင် ကာကွယ်တဲ့နည်းပါပဲလို့ ပြောချင်ပါတယ်။

မေး။   ။ ကျောက်ကပ်ကို အားပေးစေမယ့် ကျောက်ကပ်ကျန်းမာရေး ကောင်းစေမယ့် အစားအသောက် တွေက ဘယ်လိုအစားအသောက်တွေ ဖြစ်မလဲ။

ဖြေ။    ။ အဲဒါတော့ ဖြေရတာ တော်တော်ခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကတော့ ကျောက်ကပ်ကို အားပေးတာထက်စာရင် ကျောက်ကပ်ကို မထိခိုက်သော အစားအသောက်တွေကို တော့ ကျွန်တော်တို့က နည်းနည်းလေး ဂရုစိုက်ရမယ်ပေါ့။ အထူးသဖြင့် အဖြစ်များတာကတော့ ဘာတွေလဲဆိုတော့ ကျွန်တော်တို့ဆီမှာဖြစ်တာက ဒညင်းသီးပေါ့။ ခုနကပြောသလို ဆေးကတော့ အဓိကပါပဲ။ အစားအသောက်ကတော့ ကျန်းမာရေးအတွက်ကတော့ စားပေါ့။ အဆီအစိမ့်ပါတာလေး တွေကိုတော့ နည်းနည်းလေး ရှောင်ရင်တော့ ပိုကောင်းတာပေါ့။

မေး။   ။ ဒညင်းသီး အကြောင်းကို ဆရာကြီး နည်းနည်းလေး ဖြည့်ပြောပေးပါဦး။

ဖြေ။    ။ မှန်ပါတယ်ခင်ဗျာ။ ဒညင်းသီးကတော့ အထူးသဖြင့် ပေါ်ချိန်တွေမှာဆိုရင်တော့ မန္တလေးမှာ က မြစ်ကြီးနား ဒညင်းသီး လာပြီဆိုရင် တစ်ခါတစ်လေကျတော့လည်း အများကြီး စားပြီးတော့ ပျက်တဲ့လူတွေရှိတယ်၊ တချို့တွေကျတော့လည်း တလှုပ်လှုပ်နဲ့ ပျက်တဲ့လူတွေ ရှိတယ်။ ဘာကြောင့် ပျက်တယ်လို့ ပြန်ကြည့်လိုက်လို့ရှိရင် ဒညင်းသီးက ဘာထွက်လဲဆိုရင် ဂျင်ကောလစ် အက်ဆစ် ထွက် တယ်။ အဲဒါက ဖန်ကွဲစလို အစိုင်အခဲလေးတွေ အဲဒါလေးတွေကနေ ကျောက်ကပ်မှာရှိတဲ့ ကျူပျူး ဆိုတာရှိတယ်။ သွားပြီးတော့ ဘလောက် သွားလုပ်တာ။ ဖန်ကွဲစလေးတွေဆိုတော့ အထဲမှာ သွားစိုက် တာ။ အရမ်းနာတယ်။ အဲဒီအနာကနေပြီးတော့ ဆီးမထွက်တော့ဘူး။ ဆီးထဲမှာ သွေးတွေပါလာတယ် မထွက်တော့ဘူး။ သူကတော့ ခေတ္တခဏ ကျောက်ကပ်ပျက်တယ်ပေါ့။ အချိန်မှီကုရင် ပျောက်ပါတယ်။ ဒညင်းသီးက ကြံုလို့ ပြောရမယ်ဆိုရင် အရင်တုန်းက ငယ်ငယ်တုန်းက ဝယ်စားကြတယ်။ ဘာနဲ့ထည့်ပြုတ်လဲဆိုတော့ ထန်းလျက်နဲ့ ထည့်ပြုတ်တယ်ဆိုတာ ကြားဖူးမယ်ထင်ပါတယ်။ အဲဒီတော့ ကျွန်တော် ပြန်စဉ်းစားတယ် ဒညင်းသီိးက အက်ဆစ် ထွက်တော့ ကျောက်ကပ် ခေတ္တခဏ ပျက်တယ် ဆိုတာ ဒညင်းသီးကြောင့် အဖြစ်များကြပါတယ်လို့ ပြောချင်ပါတယ်။

မေး။   ။ ဆီးသွားလို့ရှိရင် တော်တော်နဲ့ မစင်ပါဘူး ၊ ကျင်ချောင်းထဲမှာ ကျင်နေသလို ခံစားနေရပါတယ်။ ခဏနေသွားချင်ပြန်တယ် သွားလည်း နည်းနည်းလေးပါ။ ကျန်နေပါတယ်။ ကျောက်ကပ်မရှိဘူးလို့ ပြောပါတယ်။ ၁၅ နှစ်လောက်ကတည်းကပါ။ ခု ၂၁ နှစ်ပါ ဖြေပေးပါဦးခင်ဗျာ ။

ဖြေ။    ။ ဒါမျိုးက ကလေးငယ်ငယ်လေးတွေကစပြီးတော့ ဖြစ်တတ်ပါတယ်။ ကောင်းဆုံးကတော့ တီဗီဓာတ်မှန်ရိုက်မယ် ရိုက်ပြီးတော့ ဒီကောင်က အကြောင်းအရင်း လိုတယ်လို့ ယူဆပါတယ်။

မေး။   ။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ကျောက်ကပ်မှာ ကျောက်တည်ခဲ့ပါတယ်။ ၎င်းကျောက်လည်း ကျသွားခဲ့ပါတယ်။ ယခု နောက်ထပ် ကျောက်သေးသေးတစ်လုံး ထပ်တည်လို့ ဘာဆေးတွေ စွဲသောက် သင့်ပါသလဲ ဖြေကြားပေးစေလိုပါတယ် ။

ဖြေး။   ။ ကျောက်တည်တာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် အစားအသောက်နဲ့လည်း အများကြီး ဆိုင်ပါတယ်။ ဆိုကြပါစို့ အကိုနဲ့ ကျွန်တော်နဲ့က စားတာလည်းအတူတူပဲ ဒါပေမယ့် အကိုက ဖြစ်ချင်မှဖြစ်မယ် ကျွန်တော်က ဖြစ်နေတယ်။ နောက်ပြီိးတော့ အစားအသောက်ကို ပြန်ပြောရမယ်ဆိုရင် နံပါတ်တစ်က ကျောက်မဖြစ်အောင် ဘာလုပ်ရမလဲဆိုရင် ရေများများသောက် ရမယ်။ အနည်းဆုံး တစ်နေ့ကို ၂ လီတာ ၃ လီတာလောက် သောက်ရမယ်။ အဲဒီမှာ ရေကလည်း အရေးကြီးတယ်။ ရေသန့်ကို သောက်ဖို့ လိုအပ်တယ်။ နောက်တစ်ခုက အစားအသောက် အစား အသောက်မှာက ပြောရမယ်ဆိုရင် ဘာဖြစ်လဲဆိုတော့ ပြောရင်းပြောရင်းနဲ့ ရှောင်ရမယ့် အစားအစာ တွေ များလာတော့ ဘာစားရမှန်းတောင် မသိဘူး ဖြစ်လာတယ်။ ပဲပင်ပေါက်တို့ မျှစ်တို့ စားရင်လည်း ကျောက်က ပြန်တည်လာနိုင်တယ်။ အဲဒါကြော့င်မို့ အကယ်၍ ကျောက်ဖြစ်ပြီဆိုရင် လိုအပ်တဲ့ စမ်းသပ်မှုလုပ်တယ်။ ဘာကြောင့် ဖြစ်နိုင်လဲ ကယ်ဆီယမ် စတုန်းလား ရိုးတွင်း စတုန်းလား စသည်ဖြင့် ခွဲခြားပြီးတော့ ဖြစ်နိုင်တဲ့ စတုန်းနဲ့ ဖြစ်ပေါ်လာတဲ့ ဓာတ်ကို ကျွန်တော်တို့က ရှောင်ရှားဖို့ လိုတယ်။ အဓိကကတော့ ရေများများသောက်ပါ။ ဆီးကို မအောင့်ထားပါနဲ့။ မှိုတို့ မျှစ်တို့ အခွန်မာတဲ့အသီးတွေ ရှောင်ရင်တော့ နောက်ထပ် မဖြစ်နိုင်ဘူးပေါ့။

မေး။   ။ ဆီးလမ်းကြေင်း ကျောက်တည်တာ ခွဲစိတ်တာ ပိုကောင်းလား တုန်ခါနှုန်း ဖြင့် ခြေတာ ပိုကောင်းလား ။

ဖြေ။    ။ အဲဒါကတော့ အတော်ကို ဖြေရခက်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျောက်ကပ် ခွဲစိတ်ဆရာဝန်က ပိုဆိုင်တာပေါ့။ အဲဒီအခါမှာ ခွဲမယ်ဆိုတာက ကျောက်ကပ်က ဘယ်လိုအမျိုးအစား မျိုးလဲ ကျောက်ကပ်အရွယ်အစားက ဘာလဲ နောက်ပြီး လူနာရဲ့ ရောဂါအခြေအနေက ဘယ်လိုရှိလဲ လူနာကိုယ်တိုင်ကရော ခွဲချင်တာလား ခြေချင်တာလား အဲဒီအပေါ်မှာ မူတည်ပြီးတော့ပဲ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။    ။

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/34421

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၂)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/34467

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly