Captain Marvel ဇာတ်ကား၌ ခေါင်းဆောင်မင်းသားနေရာမှသရုပ်ဆောင်ရန် ဂျူဒ်လောဆွေးနွေး

Captain Marvel ဇာတ်ကား၌ ခေါင်းဆောင်မင်းသားနေရာမှသရုပ်ဆောင်ရန် ဂျူဒ်လောဆွေးနွေး

 

အင်္ဂလိပ်မင်းသားဂျူဒ်လောသည် Marvel စတူဒီယိုမှထုတ်လုပ်မည့် Captain Marvel ဇာတ်ကား၌ ခေါင်းဆောင်မင်းသားနေရာမှ ပါ၀င်သရုပ်ဆောင်နိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း Variety သတင်းဌာန၏ အဆိုအရ သိရသည်။

ထိုဇာတ်ကား၌ မင်းသမီး ဘရီးလာဆင်က ခေါင်းဆောင်မင်းသမီးအဖြစ်ပါ၀င်မည်ဖြစ်ပြီး ဘန်မန်ဒယ်ဆွန်က ဗီလိန်အဖြစ်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာများအဖြစ် အန်နာဘိုဒန်နှင့် ရိုယန်ဖလက်ခ်တို့က ရိုက်ကူး မည်ဖြစ်သည်။

ဂျုုဒ်လောသည် Mar-Vell ဟုလည်းလူသိများသည့် ဒေါက်တာဝေါလ်တာလော်ဆင် ဇာတ်ကောင်နေရာမှ သရုပ်ဆောင်မည်ဖြစ်ပြီး အဓိကဇာတ်ကောင် Captain Marvel တစ်ဖြစ်လဲ Danvers အား သူမ၏စွမ်းအား များကို သဘောပေါက်အောင် ညွှန်ပြပေးသူအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

ယခုနှစ်တွင်ကျင်းပခဲ့သော San Diego Comic-Con ၌ Captain Marvel ဇာတ်ကားအား ၁၉၉၀ ခုနှစ်များတွင် ဇာတ်အိမ်တည်ထားမည်ဖြစ်ပြီး ယင်းအချိန်သည် Avengers အဖွဲ့မဖွဲ့စည်းရသေးမီကာလဖြစ်ကာ မင်းသားကြီး ဆန်မြူရယ်အယ်လ်ဂျက်ဆန်က Nick Fury ဇာတ်ကောင်နေရာမှ ထပ်မံပါ၀င်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။ Captain Marvel ကို လာမည့် ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ပြသသွားနိုင်ရန် စီစဉ်ထားသည်။

ဂျူဒ်လောသည် နာမည်ကျော် Fantastic Beasts ဇာတ်ကား၏ ဒုတိယမြောက်ဇာတ်ကားဖြစ်သော  Fantastic Beasts: The Crimes of Grindelwald ၌ အဲလ်ဘတ်ဒမ်ဘယ်လ်ဒေါငယ်ဘဝနေရာမှ ပါ၀င်သရုပ်ဆောင်ရန် သဘောတူညီမှုရရှိထားခဲ့သလို တတိယမြောက် Sherlock Holmes ဇာတ်ကား၌လည်း ဆက်လက်ပါ၀င် သွားရန် ဆွေးနွေးလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly