ကျောင်းဆောက်လမ်းဖောက်မေးခွန်းမျိုးမမေးချင်ဟု ပန်းတနော်လွှတ်တော်ကိုယ်စားလှယ်ဆို

ကျောင်းဆောက်လမ်းဖောက်မေးခွန်းမျိုးမမေးချင်ဟု ပန်းတနော်လွှတ်တော်ကိုယ်စားလှယ်ဆို

ကျောင်းဆောက်၊လမ်းဖောက်မေးခွန်းမျိုး မမေးချင်ဟု  ဧရာဝတီတိုင်းလွှတ်တော်သက်တမ်းအတွင်း တစ်ခါမှ မေးခွန်းမေးမြန်းမှုမရှိသေးသည့် ပန်းတနော်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က ပြောသည်။

"မေးခွန်းတွေကို ကြည့်တဲ့အခါ လိုအပ်နေတာပေါ့ ကျောင်းဆောက်ပေးဖို့အစီအစဉ်ရှိမရှိ၊လမ်းဖောက်ပေးဖို့အစီအစဉ်ရှိမရှိ မေးခွန်းတွေများနေတယ်။ လက်ရှိမှာလည်း အစိုးရအဖွဲ့က ဘတ်ဂျက်တွေနဲ့ ပတ်သက်လို့ရှိရင် နှစ်စဉ် အများနည်းတူရနေတာဖြစ်လို့ အဲဒီလိုမေးခွန်းမျိုးတွေလည်းမမေးချင်ဘူး”ဟု ပန်းတနော်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစန်းမောင် က မေးခွန်းမမေးရခြင်းအကြောင်းကို ပြောသည်။

ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးအထိ ပန်းတနော်မြို့နယ်နှင့် ဇလွန်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက မေးခွန်းမမေးခဲ့ခြင်း ဖြစ်သည်။

" တခြားအခက်အခဲတော့မရှိဘူးတခြားကိုယ်စားလှယ်တွေမေးတဲ့မေးခွန်းတွေနဲ့ မြို့မှာကြံုနေရတာ တူနေတာဖြစ်လို့မမေးဖြစ်တာပါ၊ပန်းတနော်မှာ စိုက်ပျိုးရေးနဲ့ပတ်သက်ရင် ရေတံခါးတွေကို ထွေအုပ်က ထိန်းချုပ်ထားတာရှိတယ် ၊ အဲဒါကို ဆည်မြောင်းဝန်ကြီးဌာနအောက်ကို ထိန်းချုပ်ဖို့အစီအစဉ်ရှိ မရှိမေးဖို့ရှိပါတယ် " ဟု ပန်းတနော်လွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက မေးခွန်းမမေးမြန်းသည့် ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး"သူ့လွတ်လပ်ခွင့်လို့ပဲတွေးထားတယ်။ သူတို့ အတင်း ကလေးတွေလည်းမဟုတ်ဘူး၊သူလည်း သူမှာ အများရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူကိုယ်စားလှယ်၊သူတို့အနေနဲ့ မမေးဘဲနဲ့ နေတဲ့အတွက် သူတို့နစ်နာပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ဆိုတာ လူအများကြီးမဲ နဲ့ တက်လာတာပါ ။ ပေးလိုက်တဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက်က မကောင်းဘူးပေါ့၊ကလေးတွေလည်းမဟုတ်ဘူး ။ ကျွန်တော် အတင်းတိုက်တွန်းတာ လုံးဝမလုပ်ဘူး”ဟု ပြောသည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးပြီးဆုံးချိန်အထိ ကြယ်ပွင့်ပြမေးခွန်းစုစုပေါင်း ၂၈၄ခုနှင့်ကြယ်ပွင့်မပြမေးခွန်းစုစုပေါင်း ၅၄ခု၊အဆိုစုစုပေါင်း၁၉ခုရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် သတ္တမပုံမှန်အစည်းအဝေး၌ မေးခွန်း၆၀ကျော် အများဆုံးမေးမြန်းခဲ့ပြီး၊အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်း၅၃ခု ဒုတိယအများဆုံးမေးမြန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်းရ၂ဦးရှိပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်၅၁ဦး၊ ပြည်ထောင်စုကြံခိုင်ဖွံဖြိုးရေးပါတီက ၃ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ဦး ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly