ဇန်နဝါရီတွင် ဆန်းချက်ဇ်ကို မန်စီးတီးနှင့်ပီအက်စ်ဂျီတို့အပြိုင်ကြိုးပမ်းဖွယ်ရှိ

ဇန်နဝါရီတွင် ဆန်းချက်ဇ်ကို မန်စီးတီးနှင့်ပီအက်စ်ဂျီတို့အပြိုင်ကြိုးပမ်းဖွယ်ရှိ

နိုဝင်ဘာ ၂၃၊ လန်ဒန်။               ။ ဆန်းချက်ဇ်အတွက် ပီအက်စ်ဂျီအသင်းကလည်း စျေးကွက်အတွင်းပြန်ဝင်လာရာ ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ မန်စီးတီးနှင့် အပြိုင်ကမ်းလှမ်းရဖွယ်ရှိသည်။

ပရီးမီးယားလိဂ်ဦးဆောင်သူစီးတီးအသင်းသည် ရာသီကုန်တွင်စာချုပ်ပြည့်မည့် အာဆင်နယ်တိုက်စစ်မှူးဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန် ရေပမ်းစားနေသည်။

သို့သော် ပြင်သစ်လိဂ် ၁ ကို ခြောက်မှတ်ဖြတ်ဦးဆောင်ထားသည့် ပီအက်စ်ဂျီအသင်းကလည်း ဆန်းချက်ဇ်အပေါ်ပြန်လည် စိတ်ဝင်စားလာခဲ့ရာ စီးတီးကိုအသာရချင်ပါက ဆောင်းရာသီစျေးကွက်အတွင်းလှုပ်ရှားဖွယ်ရှိသည်။

စီးတီးနည်းပြဂွာဒီယိုလာကလည်း ဘာစီလိုနာအသင်းတွင်လက်တွဲခဲ့ဖူးသည့် ဆန်းချက်ဇ်နှင့်ပြန်ဆုံချင်နေပြီး ဇန်နဝါရီမတိုင်မီ အသင်းတွင်ဒဏ်ရာပြဿနာမရှိပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရမည့်   နွေရာသီထိစောင့်ဆိုင်းဖွယ်ရှိနေသည်။

အသက် ၂၉ နှစ်ရှိဆန်းချက်ဇ်အနေဖြင့် စီးတီးသို့မဟုတ် ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင်ပါဝင်ကစားချင်ဖွယ် ရှိနေသည်။

ပီအက်စ်ဂျီအသင်းသည် ချီလီကစားသမား၏ကိုယ်စားလှယ်များနှင့်ဆက်သွယ်လျှက်ရှိပြီး နောက်ထပ်ကြယ်ပွင့်ခေါ်ယူမှုတစ်ခု ဖြစ်ပေါ်လာဖွယ်ရှိနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly