ကျွန်တော်တို့ ပြည်တွင်းကမိဘတွေဟာမိမိတို့ ကလေးငယ်တွေရဲ့ အနာဂတ်လှပစေဖို့အတွက် နိုင်ငံတကာအဆင့်မီပညာရေးနဲ့ ထိတွေ့ သင်ကြားစေချင်ကြပါတယ်။ ဒီ့အတွက်ကြောင့် နိုင်ငံတကာမှာနာမည်ရရှိထားပြီးသားဖြစ်တဲ့ မှတ်တမ်းကောင်း၊ အစဉ်အလာကောင်းတွေရှိတဲ့ ကျောင်းမျိုးမှာပညာသင်ကြားစေချင်ကြပါတယ်။
အရင်ကဆိုရင် ဒီလိုကျောင်းမျိုး ပြည်တွင်းမှာမရှိတဲ့အတွက် မိမိတို့ရဲ့ကလေးငယ်တွေကို နိုင်ငံရပ်ခြားအထိစေလွှတ်ကာပညာသင်ယူစေကြရပါတယ်။ ပညာရေးအတွက် ရပ်ဝေးကိုပို့ထားရပေမယ့် သား၊သမီးတွေကိုအနီးကပ်စောင့်ရှောက် ထိန်းကျောင်းလို့မရတဲ့အတွက် အခြားသောအပိုင်းတွေမှာစိတ်မချနိုင်ဘဲရင်လေးကြရပါတယ်။
ဥပမာတစ်ခုအနေနဲ့ မိမိနိုင်ငံရဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေကိုအလှမ်းဝေးကာအခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေလွှမ်းမိုးခံလာရနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ နိုင်ငံတကာအသိအမှတ်ပြု မှတ်တမ်းကောင်းတွေရှိတဲ့ကျောင်းမျိုး ပြည်တွင်းမှာလာရောက်ဖွင့်လှစ်ဖို့ မျှော်လင့်ကြပါတယ်။
ဒီမျှော်လင့်ချက်တွေဟာအခုအချိန်မှာ ပြည့်ဝလို့လာခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံအတော်များများမှာကျောင်းခွဲတွေဖွင့်လှစ်ထားပြီးပညာရေးနဲ့ပတ်သတ်လို့ အစဉ်အလာကြီးမှာတဲ့ လန်ဒန် အခြေစိုက် Dulwich College International ရဲ့ ရန်ကုန်ကျောင်းခွဲ Dulwich College Yangon ကိုဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။မိမိကလေးငယ်ကို နိုင်ငံတကာအဆင့်မီကျောင်းမျိုးမှာထားချင်တဲ့ မိဘတွေအတွက်တော့ စိတ်အေးစရာဖြစ်ပါတယ်။
Dulwich College International အနေနဲ့ ရန်ကုန်မြို့တွင်းရှိ Star City အိမ်ရာနဲ့ ပန်းလှိုင်အိမ်ရာတို့မှာကျယ်ဝန်းပြီး facilities ပြည့်ဝတဲ့ Dulwich College Yangon ကျောင်းဝန်း (၂) ခုကို ဖွင့်လှစ်ထားပါတယ်။
နိုင်ငံတကာအဆင့်မီ ဗြိတိန်ပညာရေးနဲ့အတူအင်္ဂလိပ်ဘာသာစကားသာမကမိခင်(မြန်မာ)ဘာသာစကားနဲ့ ကမ္ဘာ့ဒုတိယဘာသာစကားဖြစ်တဲ့ တရုတ်(မန်ဒရင်း)ဘာသာစကားကိုပါ သင်ကြားပေးမှာဖြစ်ပြီးကျောင်းရဲ့ Facilities တွေအနေနဲ့လည်းအရှည်မီတာ၅၀ရှိတဲ့အိုလံပစ်အဆင့်မီရေကူးကန်ကြီးအပြင်ကမ္ဘာ့အဆင့်မီ indoor/outdoor အားကစားကွင်းတွေ၊ ပြဇာတ်ရုံတွေနဲ့သိပ္ပံဓာတ်ခွဲခန်းအစရှိတဲ့ သင်ထောက်ကူအဆောက်အအုံတွေနဲ့ သင်ရိုးပြင်ပသင်ကြားမှုတွေစုံလင်စွာစီမံပေးထားတဲ့အတွက်လည်းမိဘတွေရောကျောင်းသားတွေပါ သဘောကျနှစ်သက်ကြမှာ ဖြစ်ပါတယ်။