ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းတဲ့အသင်းအဖြစ် စံချိန်သစ်တင်

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းတဲ့အသင်းအဖြစ် စံချိန်သစ်တင်
(ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဆဲလ်တစ်အသင်းကို (၇-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ စံချိန်မှတ်တမ်းသစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ရှိအုပ်စုပွဲစဉ် ၅ အပြီးမှာ သွင်းဂိုး ၂၄ ဂိုးအထိ ရှိလာခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂၀၀၆ က ၂၁ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ စံချိန်ဟောင်းကို ကျော်တက်လာခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပီအက်ဂျီအသင်းဟာ အုပ်စုပွဲစဉ် ၅ ပွဲမှာ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့ပြီး နောက်ဆုံးပွဲ တစ်ပွဲ ကစားဖို့လည်း ကျန်ရှိနေသေးတာကြောင့် ဂိုးသွင်းစံချိန်မှတ်တမ်း ဆက်လက်တင်နိုင်မှာလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ဂိုးရလဒ်

ဆဲလ်တစ် ၀-၅ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၃-၀ ဘိုင်ယန်မြူးနစ်
အန်ဒါလက်ချ် ၀-၄ ပီအက်စ်ဂျီ
ပီအက်စ်ဂျီ ၅-၀ အန်ဒါလက်ချ်
ပီအက်စ်ဂျီ ရ-၁ ဆဲလ်တစ်

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ အသင်းများ

ပီအက်စ်ဂျီ (၂၄)ဂိုး၊ ၂၀၁၇-၁၈
ဒေါ့မွန် (၂၁) ဂိုး၊ ၂၀၁၆-၁၇
မန်ယူ (၂၀) ဂိုး၊ ၁၉၉၈-၉၉
ဘာစီလိုနာ (၂၀) ဂိုး၊ ၂၀၁၁-၁၂
ရီးယဲလ် (၂၀) ဂိုး၊ ၂၀၁၃-၁၄
ဘာစီလိုနာ (၁၉) ဂိုး၊ ၁၉၉၉-၀၀
ရီးယဲလ် (၁၉) ဂိုး၊ ၂၀၁၁-၁၂၊ ၂၀၁၅-၁၆
ဘိုင်ယန်မြူးနစ် (၁၉) ဂိုး၊ ၂၀၁၅-၁၆

Ref; ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags