Jamaat ပါတီခေါင်းဆောင်၏ တိုက်ခန်းတွင် ရောက်ရှိနေသည့် ဘင်္ဂါလီ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Jamaat ပါတီခေါင်းဆောင်၏ တိုက်ခန်းတွင် ရောက်ရှိနေသည့် ဘင်္ဂါလီ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီး

နိုဝင်ဘာ ၂၂ ။            ။ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတွင်းမှာရှိတဲ့ သတ်မှတ် ကမ့်စခန်းတွေမှာ မနေဘဲနဲ့ တစ်ခြားနေရာတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေကို စတင်လိုက်လံရှာဖွေနေလျက်ရှိပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်ကတော့  တရားသေဝါဒီစွဲ အစ္စလမ္မစ်ပါတီ ဖြစ်တဲ့ Jamaat e-Islami က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Shabidul Alam Bahadur ပိုင်ဆိုင်တဲ့ နေအိမ်တိုက်ခန်းတစ်ခု အတွင်းကနေ ဘင်္ဂါလီ ၁၅ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာတော့ ကလေးငယ် ခြောက်ဦး၊ အမျိုးသမီး ငါးဦး၊ အမျိုးသား သုံးဦး တို့ပါ၀င်နေပါတယ်။

ယင်းတိုက်ခန်းကတော့ ကော့ဇ်ဘဇားမြို့ တက်ခ်ပါရာ အေဇစ် လမ်းပေါ်မှာ ရှိတဲ့ အမှတ် ၁၂၁ အဆောက်အအုံ ခုနှစ်လွှာအမြင့်မှာ တည်ရှိတယ်လို့ ဒေသ ရာဇဝတ်တရားသူကြီး Ehsan Murad က ပြောပါတယ်။

နိုင်ငံမှာ သတ်မှတ်ပေးထားတဲ့ ကမ့်စခန်းတွေမှာ မနေကြဘဲ တစ်ခြားနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြသူတွေကို စုံစမ်းရှာဖွေဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

" သူတို့အားလုံးကို ကမ့်စခန်းတွေမှာပဲ ကျွန်တော်တို့ကတော့ နေစေချင်ပါတယ်၊ ဒါမှလည်း မြန်မာနိုင်ငံဆီ ပြန်ပို့ပေးလို့ရနိုင်မှာ ဖြစ်ပါတယ်" ဆိုပြီး စစ်တကောင်းမြို့က ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly