ဂိုရက်ဇ်ကာကိုခေါ်ယူရန် အာဆင်နယ်ဆွေးနွေးမည်

ဂိုရက်ဇ်ကာကိုခေါ်ယူရန် အာဆင်နယ်ဆွေးနွေးမည်

နိုဝင်ဘာ ၂၂၊ လန်ဒန်။            ။ အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင်ရှော်လ်ကေးကွင်းလယ်ကစားသမား ဂိုရက်ဇ်ကာကိုခေါ်ယူရန် ဆွေးနွေးမည်ဖြစ် သည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားသည် နွေရာသီတွင်စာချုပ်သက်တမ်းကုန်မည်ဖြစ်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အာစင်ဝင်းဂါးကခေါ်ယူချင်နေသည်။

ဇန်နဝါရီမတိုင်မီ တရားဝင်ပြောဆိုမှုမရှိသေးသော်လည်း အာဆင်နယ်၏စိတ်ဝင်စားမှုကို ဂိုရက်ဇ်ကာကလည်းသိရှိထားပြီး အသင်းဘက်ကလည်း ကွင်းလယ်တွင်နေရာစုံကစား နိုင်သည့်ကစားသမားကို ခေါ်ယူနိုင်ရန် အခြေအနေကောင်းသည်ဟု တွက်ဆထားသည်။

သို့သော်လည်း စိတ်ဝင်စားနေသည့်အသင်းမှာအာဆင်နယ်တစ်သင်းတည်းမဟုတ်ဘဲ မန်ချက်စတာစီးတီး၊ ဂျူဗင်တပ်စသည့် ဥရောပထိပ်သီးကလပ်များကလည်း စိတ်ဝင်စားနေသည်။

နွေရာသီအပြောင်းအရွှေ့ကာလက ရှော်လ်ကေးမှကိုလာဆီနက်ကိုခေါ်ယူထားသည့်အာဆင်နယ်အသင်းအနေဖြင့် ဂိုရက်ဇ်ကာကိုခေါ်ယူမှုမှာ ကောင်းသောအပြောင်းအရွှေ့ဖြစ်ရန်မျှော်လင့်နေသည်။

အာဆင်နယ်အသင်းသည် လွန်ခဲ့သည့်သုံးနှစ်အတွင်း ကင်းထောက်များကိုဂျာမနီသို့သိသာစွာစေလွှတ်ခဲ့ပြီး ဒေါ့မွန်ကင်းထောက် ဆဗန် မစ်လင်တက်ကို ကင်းထောက်ချုပ်သစ်အဖြစ်ခန့်အပ်ထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly