အဲဗာတန်နည်းပြရာထူးအတွက်ချဉ်းကပ်ခံရခြင်းမရှိခဲ့ဟု ဗန်ဟားလ်ဆို

အဲဗာတန်နည်းပြရာထူးအတွက်ချဉ်းကပ်ခံရခြင်းမရှိခဲ့ဟု ဗန်ဟားလ်ဆို

နိုဝင်ဘာ ၂၂၊ လီဗာပူးလ်။           ။ လစ်လပ်နေသည့် အဲဗာတန်နည်းပြရာထူးအတွက် ချဉ်းကပ်ခံရခြင်းမရှိခဲ့ကြောင်း လူးဝစ္စဗန်ဟားလ်က ပြောသည်။ မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်းဗန်ဟားလ်သည် အလေးပေးသတ်မှတ်ခံရမှုမြင့်တက်လာပြီးနောက် ရော်နယ်ကိုးမန်းနေရာဆက်ခံ မည့်သူအဖြစ် ရုတ်တရက်သတင်းထွက်လာခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၁၈ လကတည်းက အသင်းလက်မဲ့ဖြစ်နေသည့် ဗန်ဟားလ်သည် နည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန် ကမ်းလှမ်းမှုများကိုနားစွင့်လျှက်ရှိသည်။

“ဘာမှ မပြောလာသေးပါဘူး”ဟု ဗန်ဟားလ်က အင်္ဂါနေ့တွင်ပြောသည်။ အသက် ၆၆ နှစ်အရွယ်ဗန်ဟားလ်သည် အိုးထရက်ဖို့ဒ်မှ ထွက်ခွာခဲ့ရသော်လည်း ချက်ရှိုင်းယားအရပ်တွင် ဇနီးသည်နှင့်အတူ နှစ်နှစ်ကြာအေးချမ်းစွာနေထိုင်လျှက်ရှိသည်။

ပြီးခဲ့သည့်လတွင် အဲဗာတန်နည်းပြအဖြစ်မှ ကိုးမန်းထုတ်ပယ်ခံရပြီးနောက် ဒေးဗစ်အန်ဆော့က ယာယီနည်းပြအဖြစ် တာဝန်ယူ နေသည်။`

အဲဗာတန်အသင်းသည် မာကိုဆေးလ်ဗားကိုနည်းပြအဖြစ်ခန့်အပ်လိုသော်လည်း ဝက်ဖို့ဒ်အသင်းကထွက်ခွာခွင့်မပြုသောကြောင့် နည်းပြသစ်မခန့်နိုင်သေးဘဲ ဖြစ်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly