နည်းပြတွင် ကင်ဆာဖြစ်နေကြောင်းသိပြီးနောက် လီဗာပူးလ်ကိုသရေကျအောင် ဆီဗီလာအသင်းကစားနိုင်ခဲ့

နည်းပြတွင် ကင်ဆာဖြစ်နေကြောင်းသိပြီးနောက် လီဗာပူးလ်ကိုသရေကျအောင် ဆီဗီလာအသင်းကစားနိုင်ခဲ့

 

နိုဝင်ဘာ ၂၂၊ ဆီဗီးလ်။              ။ လီဗာပူးလ်အသင်းကိုသုံးဂိုးပြတ်ရှုံးနေရာမှ နောက်ကလိုက်ကစားပြီး သုံးဂိုးစီသရေကျခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဆီဗီလာနည်းပြ အက်ကွာဒို ဘရစ်ဇိုက ၎င်းတွင် ဆီးကျိတ်ကင်ဆာခံစားနေရသည်ဟု ကစားသမားများကိုအသိပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အိမ်ရှင်ဆီဗီလာအသင်းသည် ပွဲချိန်ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ်အရေးနိမ့်နေခဲ့ရာမှ ဒုတိယပိုင်းတွင်အထူးခြေစွမ်းပြပြီး ချေပဂိုး သုံးဂိုးပြန်သွင်းနိုင်ခဲ့သည်။

နောက်ဆုံးချေပဂိုးကို ပစ်ဇာရိုကသွင်းယူပြီးနောက် ကစားသမားများသည်နည်းပြဘရစ်ဇိုကိုညွှန်ပြကာ ၎င်းရှိရာသို့သွားရောက် ပွေ့ဖက်အောင်ပွဲခံခဲ့ကြသည်။

ယင်းနောက်ပွဲအပြီးတွင် ပွဲချိန်ပထမပိုင်းနားချိန်၌ နည်းပြက ၎င်း၏ရောဂါအကြောင်းကို ကစားသမားများအားအသိပေးခဲ့သည်ဟု သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

စပိန်ဂျာနယ်လစ်တစ်ဦးကလည်း “ဆီဗီလာနည်းပြ ဘရစ်ဇိုမှာ ဆီးကျိတ်ကင်ဆာဖြစ်နေပါတယ်။ သူ့အတွက် တကယ့်ကစားပွဲကြီးအခုစပါပြီ။ မကြာခင်အသင်းကလည်း အတည်ပြုပေးလိမ့်မယ်”ဟု တွစ်တာတွင်ရေးထားသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ဘရစ်ဇိုသည် ဆီဗီလာနည်းပြအဖြစ် မေလတွင် ဆီဗီလာနည်းပြဖြစ်လာခဲ့သူဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly