မူဂါဘီ ရာထူးက ဆင်းပေးရ၍ ပြည်သူများ စစ်တပ်ကို ကျေးဇူးတင်ကာ ပျော်ရွှင်ပွဲများ ကျင်းပ

မူဂါဘီ ရာထူးက ဆင်းပေးရ၍ ပြည်သူများ စစ်တပ်ကို ကျေးဇူးတင်ကာ ပျော်ရွှင်ပွဲများ ကျင်းပ

 

ဟာရာရီ၊ နိုဝင်ဘာ ၂၂ ။               ။ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီသည် နိုင်ငံတော်အာဏာအား ၃၇ နှစ်ကြာ ထိန်းချုပ်ထားရာမှ ရာထူးက ဆင်းပေးကြောင်း ထုတ်ပြန်ချက်သတင်းများ ထွက်လာခဲ့ရာ နိုဝင်ဘာ ၂၁ ရက်တွင် မြို့တော် ဟာရာရီက လမ်းများပေါ် ပျော်ရွှင်ကြသည့် ပြည်သူများက ကားဟွန်းများ တီးခြင်း၊ သံပြိုင်ဟစ်ကြွေးခြင်း၊ နိုင်ငံတော်အလံများ ဝှေ့ယမ်းခြင်းနှင့် စစ်တပ်အား ကျေးဇူးတင်ခြင်းများ ပြုလုပ်ကြသည်။

နိုင်ငံအား ရေရှည် အုပ်ချုပ်ပြီး ပြည်သူအများစု ကြောက်ရွံ့ရသည့် အသက် ၉၃ နှစ်ရှိ မူဂါဘီအပေါ် ဖိအားများ ပေးလာခဲ့ရာမှ ယခု ရာထူးက အနားယူကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

“ကျွန်တော်တို့ အရမ်းပျော်တယ်။ နောက်ဆုံးတော့ ပြောင်းလဲမှုဆီ ဦးတည်ပြီဖြစ်တယ်။ ဒီလို နေ့မျိုးကို စောင့်ရင်းနဲ့ ကျွန်တော်တို့တွေ နေ့စဉ် နိုးထလာခဲ့ရတာ ဖြစ်တယ်။”ဟု အသက် ၃၂ နှစ်ရှိ ပြည်သူတစ်ဦးက ပြောသည်။

မူဂါဘီ ယခုကဲ့သို့ ရာထူးက ဆင်းပေးရခြင်းကို အမေရိကန်နိုင်ငံကလည်း ဇင်ဘာဘွေပြည်သူများ၏ သမိုင်းတွင် အခွင့်အလမ်းအဖြစ် ချီးမွှမ်းခဲ့သည်။

မူဂါဘီအား အရေးဆိုစွပ်စွဲရေး လုပ်ဆောင်ဆွေးနွေးနေခဲ့သော လွှတ်တော်အမတ်များ အစည်းအဝေးတစ်ရပ်တွင် ထိုအံ့အားသင့်ဖွယ် မူဂါဘီ ရာထူးက နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီး မိနစ်ပိုင်းအတွင်း လူများ အုပ်လိုက် စုဝေးမိကြသည်။

သမ္မတ ကတော် ဂရေ့မူဂါဘီအား ဇင်ဘာဘွေတွင် အထင်ကရ တစ်နေရာရရန် လမ်းကြောင်းဖော်ဟန်ရှိသည့် ဒုတိယသမ္မတ အမ်မာဆန်မန်နန်ဂါဝါအား ရာထူးမှ ဖြုတ်ချလိုက်ခြင်း ဖြစ်ပွားပြီးနောက် ယခုလအစောပိုင်းမှ စကာ နိုင်ငံအတွင်း တင်းမာမှုများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က မူဂါဘီကို အာဏာသိမ်းကာ နေအိမ်အကျယ်ချုပ် ချထားပြီးနောက် သမ္မတ မူဂါဘီအနေဖြင့် ရာထူးက ဆင်းပေးလိမ့်မည်ဟု ပြည်သူများက မျှော်လင့်နေခဲ့ကြခြင်းလည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags