အမျိုးသားလွှတ်တော် အစည်းအဝေးရပ်နားမည်

အမျိုးသားလွှတ်တော် အစည်းအဝေးရပ်နားမည်

နေပြည်တော်၊ သြဂုတ် ၁၉ ။          ။ အမျိုးသား လွှတ်တော် အစည်းအဝေးကို ရပ်နားမည် ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်တွင် ကျင်းပနေ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးမှ သိရသည်။

သြဂုတ် ၁၈  ရက်က အမျိုးသားလွှတ်တော်တွင်   မကွေးတိုင်းဒေသကြီး မဲဆန္ဒ အမှတ် ၂ မှ ကိုယ်စားလှယ် ဦးကြည်ထွန်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာ ဝင်းမြင့်အောင် က  အစည်းအဝေးရပ်နားပေးပါရန် အရေးကြီး အဆိုကို တင်သွင်းခဲ့ရာ လက်ခံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပြီးနောက် သြဂုတ် ၁၉ တွင် ဆွေးနွေးခဲ့ရာ ထောက်ခံသူများ၍ အနိုင်ရခဲ့သည်။

အဆိုကို လှို့ဝှက်ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ  ကန့်ကွက်သူ ၃၄ ဦး၊ ထောက်ခံသူ ၁၂၈ ဦး ကြားနေသူ ၁၄ ဦး ဖြစ်၍ အမျိုးသားလွှတ်တော်အစည်း အဝေးရပ်နားပေးပါရန် အဆို အတည်ဖြစ် ခဲ့သည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်လွှတ်တော်တွင်  သြဂုတ် ၁၉ ရက်က ဆွေးနွေးရာ သြဂုတ် ၁ ၈ ရက်က ကန့်ကွက်မဲ ပေးခဲ့သည့် ဦးဖုန်းမြင့် အောင် တစ်ဦးသာ ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုတွင် ဦးဖုန်းမြင့်အောင်က လွှတ်တော်ကိုယ်စား လှယ်များသည် ရွေးကောက်ပွဲကို ဖြတ်သန်း ပြီး၍  လွှတ်တော် ထဲသို့ ရောက် ရောက်လာခြင်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အတွေ့အကြုံ များ ကြောင်း ယင်း အတွက် စိုးရိမ်စရာ မလို ကြောင်း၊ ရေဘေးသည်လည်း  အမျိုးသားလွှတ်တော် ရပ်လိုက်သည့်အတွက်  ဝုန်းကနဲ ကျသွားမည်မဟုတ်ကြောင်း  အမျိုးသားလွှတ်တော် အစည်းအဝေးရပ် နားပေးပါရန် အဆိုသည် အကျိုး ကြောင်း ဆီလျော်မှု မရှိကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

ဦးကြည်ထွန်းက ရေဘေးဒုက္ခသည်များအား ကာကွယ်ရေးလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အနီးကပ် လုပ်ဆောင် ပေးနိုင်ရန် နှင့် ၂၀၁၅ ခု နှစ်ပါ တီစုံ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဆောင်ရွက်ရန် ရှိသည်များ  လုပ်ဆောင် နိုင်ရန်အတွက် အမျိုးသား လွှတ်တော်အစည်းအဝေး ကို ရပ်နားပေးနိုင်ပါရန် အရေး ကြီးအဆိုကို သြဂုတ် ၁၈ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာ ဝင်းမြင့်အောင်ကလည်း အလားတူ အဆိုမျိုး တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရေးကြီးအဆို  နှစ်ခု လုံးကို အမျိုးသားလွှတ်တော်ဥက္ကဌက အကြောင်းအရာ တူသည့်အတွက် လွှတ်တော်တွင် လက်ခံ  ဆွေးနွေးရန်သင့်မသင့်ကို  နှစ်ခု ပေါင်း၍ မတ်တပ်ရပ် မဲခွဲဆုံးဖြတ် ခဲ့ရာ ဦးဖုန်းမြင့်အောင် တစ်ဦးကသာ ကန့်ကွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly