တရားမဝင်ငါးဖမ်းမှုကို ထိန်းချုပ်ရန် နိုင်ငံခြားလှေ ၃၄ စင်းကို အင်ဒိုနီးရှားနှစ်မြုပ်

တရားမဝင်ငါးဖမ်းမှုကို ထိန်းချုပ်ရန် နိုင်ငံခြားလှေ ၃၄ စင်းကို အင်ဒိုနီးရှားနှစ်မြုပ်

ဂျာကာတာ၊ သြဂုတ် ၁၉ ။     ။ အင်ဒိုနီးရှားသည် ၎င်း၏ ပိုင်နက်ကို ကာကွယ်မှုနှင့် ပတ်သက်၍ အလေးအနက်ရှိကြောင်း ပြသသည့်အနေဖြင့် သြဂုတ် ၁၈က ပြည်ပငါးဖမ်းသင်္ဘော ၃၈ စင်းကို နှစ်မြုပ်ခဲ့ရာ ယခုတစ်ကြိမ်အရေးယူမှုမှာ အကြီးမားဆုံးဖြစ်သည်။

အင်ဒိုနီးရှား၏ နှစ် ၇၀မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၏ အစိတ်အပိုင်းအဖြစ် ယင်းသို့သင်္ဘောများနှစ်မြုပ်မှုကို နိုင်ငံတစ်ဝန်းရှိ နေရာအချို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှစ်မြုပ်ခံရသည့် သင်္ဘော များမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ဖြစ်သည်။ ယင်းသင်္ဘောများတွင် နိုင်ငံခြားသင်္ဘော ၃၄ စင်းနှင့် အင်ဒိုနီးရှားမှတ်ပုံတင်သင်္ဘော လေးစင်းတို့ ပါဝင်သည်။

ပင်လယ်ရေကြောင်းဆိုင်ရာအချုပ်အာဏာပိုင်မှုသည် အင်ဒိုနီးရှား၏ စည်းလုံညီညွတ်မှုအတွက် အဓိကအချက်ဖြစ်သည်ဟု အင်ဒိုနီးရှားပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီး မစ္စဆူဆီပတ်ဂျီယာ စတွတ်တီကပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကျွန်းစုနိုင်ငံဖြစ်ပြီး ၎င်း၏ပိုင်နက် သုံးပုံနှစ်ပုံမှာ ရေပြင်ဖြစ်သည့်အတွက် ပိုင်နက်ရေပြင်များအပေါ် အချုပ်အခြာအာဏာပိုင်စိုးမှုရှိရမည်ဟုလည်း ၎င်းကပြောသည်။

" ပင်လယ်ဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဖြစ်တဲ့အတွက် ပင်လယ်ပြင်မှာ ကျွန်မတို့ စိုးမိုးနိုင်တယ်ဆိုတာ ပြသနိုင်ဖို့လိုတယ် " ဟု၎င်းကဆိုသည်။

နိုင်ငံခြားငါးဖမ်းသင်္ဘောများကို အင်ဒိုနီးရှားတွင် တရားမဝင်ငါးဖမ်းနေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရားတဘောင်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ သင်္ဘောများအား လုံးဝပျက်စီးမှု မရှိစေရန်ပြင်းအားနည်း သည့် ဖောက်ခွဲရေးပစ္စည်းများကိုသာ အသုံးပြု၍ နှစ်မြုပ်ခဲ့သည်ဟု သိရသည်။ သင်္ဘောပျက်များ၏ အကြွင်းအကျန်များသည် ငါးများအတွက် ကျက်စားရာနေရာသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly