ဧရာဝတီတိုင်းလွှတ်တော်တွင် ယနေ့အထိ မေးခွန်းမမေးသည့် ကိုယ်စားလှယ် နှစ်ဦးရှိနေ

ဧရာဝတီတိုင်းလွှတ်တော်တွင် ယနေ့အထိ မေးခွန်းမမေးသည့် ကိုယ်စားလှယ် နှစ်ဦးရှိနေ

ပုသိမ် နိုဝင်ဘာ၂၁ ။         ။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးပြီးဆုံးချိန်အထိ ပန်းတနော်မြို့နယ်နှင့် ဇလွန်မြို့နယ်တို့မှ တိုင်းဒေသကြီး ကိုယ်စားလှယ်နှစ်ဦး မေးခွန်းမေးမြန်းခြင်း မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အဋ္ဌမပုံမှန်အစည်းအဝေးထိ ကြယ်ပွင့်ပြမေးခွန်းစုစုပေါင်း ၂၈၄ခုနှင့်ကြယ်ပွင့်မပြမေးခွန်းစုစုပေါင်း ၅၄ခု၊ အဆိုစုစုပေါင်း၁၉ခုရှိကြောင်းသိရသည်။

မေးခွန်းမမေးမြန်းသည့် ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး"သူလွတ်လပ်ခွင့်လိုပဲတွေးထားတယ်။ သူတို့ က ကလေးတွေလည်းမဟုတ်ဘူး၊ ပြည်သူကိုယ်စားလှယ်တစ်ယောက်ဆိုတာ လူအများကြီးမဲ နဲ့ တက်လာတာပါ။  ပေးလိုက်တဲ့မဲဆန္ဒရှင်ပြည်သူတွေအတွက်ကမကောင်းဘူးပေါ့၊ ကလေးတွေလည်းမဟုတ်ဘူး ။ ကျွန်တော် အတင်းတိုက်တွန်းတာ လုံးဝမလုပ်ဘူး”ဟုတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် သတ္တမပုံမှန်အစည်းအဝေးတွင် မေးခွန်း ၆၀ကျော် အများဆုံးမေးမြန်းခဲ့ပြီး၊ အဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်း၅၃ခု မေးမြန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ရ၂ဦး ရှိပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်၅၁ဦး၊ ပြည်ထောင်စုကြံခိုင်ဖွံဖြိုးရေးပါတီက ၃ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly